Belong With You
အပိုင်း (22)
31.03.2019 , Sunday 3:00AM
အတွေးတွေနဲ့ တယောက်ထဲ ရှိုက်ငိုနေမိတာ အခုထိပဲ
ကျွန်တော် ဘာလုပ်သင့်လဲ
ကျွန်တော့်အချစ်ကတကယ်ပဲ အသုံးမ၀င်ဘူးလား
Perth အချစ်တွေတကယ်ပဲ ကျွန်တော့်ဆီမရှိနိုင်တော့ဘူး
ChomPo နဲ့ Perth ရဲ့ ဆက်ဆံရေးက သာမာန်လိုမဟုတ်ဘဲ အရမ်းရင်းနှီးနေတာ
Perth တကယ့်ကို ChomPo နဲ့ ကြိုက်နေတာများလား
မာမီ ပြောခဲ့တာတွေ အားလုံးအမှန်တွေလား
ခေါင်းထဲမှာ မာမီနဲ့ငြင်းခုန်ခဲ့တဲ့ညနေစောင်းတခုစီကို အတွေးတွေ ပြန်ရောက်သွားမိတယ်
"မာမီ ပြောနေတာကို ကျွန်တော်ဘယ်လိုယုံရမှာလဲ"
"မင်းမယုံရင် မင်းကျောင်းပြန်တက်တဲ့နေ့ကျရင် မင်းကိုယ်တိုင်လေ့လာပေါ့"
"ဒါပေမဲ့ ကျွန်တော် စုံစမ်းရသလောက် Perth နဲ့ChomPo က သူငယ်ချင်းပါ.. မာမီပြောသလို ချစ်ကြိုက်နေတယ်ဆိုတာ မဖြစ်နိုင်ဘူး မာမီ"
"မင်း သေချာလား"
"ကျွန်တော် ... ကျွန်တော်.."
အတိအကျမပြောရဲပါ WorkShop ခန်းထဲ သူတို့နှစ်ယောက် ဖက်ထားတာ ကျွန်တော်မြင်ဖူးထားတာပဲ
ဒါပေမဲ့အဲ့နောက်ပိုင်း ကျွန်တော်စုံစမ်းခဲ့တော့ သူငယ်ချင်းလို့ပဲ သိရတာ
ကျွန်တော့ နှလုံးသားကလည်း သိနေတယ်
Perth က လုံး၀ ChomPo ကို မချစ်ဘူး သေချာတယ်
"Saint သူတို့နှစ်ယောက် ချစ်ကြိုက်နေပြီ .. မင်း ခေါင်းမာမနေနဲ့ .. မင်း ဒါ့ထက် ထပ်ခံစားနေဖို့တန်လို့လား .. မင်း America သွားဖို့ပြင်တော့ "
"မသွားဘူးမာမီ .."
"နင်မသွားဘူးဆို ငါလည်း Perth ကို ကျောင်းပြောင်းဖို့ပဲရှိတယ်"
"မာမီ အဲလိုမလုပ်နဲ့လေ ..မာမီ နဲ့ ကျွန်တော့် သဘောတူထားတယ်လေ .."
"ငါ နင်တို့ကို တမိုးအောက်ထဲထားရတာ စိတ်ချမ်းသာနေတယ် ထင်လား Saint .. ဟမ်??"