28

70 10 0
                                    

Belong With You

အပိုင်း (28)

16.04.2019 Midnight

ChomPo ငြင်းပေးမယ်ဆိုတာသိလိုက်ရလို့ အရမ်းပျော်နေတယ်

ကျွန်တော့်အပျော်တွေကို ကျွန်တော့်အဖော်ဖြစ်တဲ့ Diary စာအုပ်လေးထဲ ချရေးရင်း ပြုံးနေမိတယ်

ပြောချင်သမျှ ရင်ဖွင့်ရေးချပြီးတော့ ခေါင်းထဲ ရောက်လာတဲ့ အတွေးက ကိုကို America ကို P'Darli နောက်လိုက်သွားမယ်ဆိုတာပဲ

ကိုကိုတောင် အဝေးထွက်သွားတော့မှာပဲဆိုတဲ့အတွေးကြောင့် အပျော်အားလုံး လမ်းတဝက်မှာရပ်သွားတယ်

P'Darli ဆိုတာ ကိုကို ထည်လွဲတွဲဖူးတဲ့ မိန်းကလေးတွေထဲက တနှစ်ပြည့်အောင် တွဲခဲ့ဖူးတဲ့ တယောက်ထဲသော ရည်းစားဟောင်း

ကိုကိုဆိုတဲ့လူစားက အသက် 15 နှစ်အရွယ်လောက်ထဲက ခပ်ရှုပ်ပွေပွေနေခဲ့တယ်

အသက် 18 မပြည့်ခင်မှာတင် ဘာကိုမှ ဂရုမစိုက်တော့ပဲ တခါတရံ ညသန်းခေါင်ထိ အပြင်မှာ သူ့ရဲ့ရည်းစားတွေနဲ့ ပျော်ပါးသောက်စားပြီးမှ ပြန်လာတတ်တယ်

အန်တီကလည်း သားတယောက်တည်းဖြစ်တဲ့အပြင် တခြား ပညာရေး လူမှုရေး အားလုံးတော်နေတဲ့ သားဖြစ်ပြန်တော့လည်း အရမ်း မထိန်းချုပ်ထားတော့ ပိုဆိုးတာပေါ့

အဲ့ည

လွန်ခဲ့သော နှစ်နှစ်တာက ကာလ

ကိုကိုရဲ့မွေးနေ့မတိုင်ခင် ည (16.4.2017)

အန်တီက အရေးပေါ်ခရီးသွားရလို့ နက်ဖန်မှ ကိုကို့မွေးနေ့အမှီ ပြန်လာမယ်ပြောခဲ့တယ်

ကိုကို P'Darli နဲ့ အပြင်သွားတာ တော်တော်နဲ့ ပြန်ရောက်မလာပါ

Par ကို အိပ်ခိုင်းပြီး ကိုကို ပြန်အလာစောင့်နေပေးခဲ့တယ်

အိမ်ရှေ့ထိုးရပ်လာတဲ့ ကား တစီး

P'Darli က ကိုကို့ထက် တနှစ်ကြီးတာမို့ ကိုယ်တိုင်ကားမောင်းခွင့်ရနေတာမို့ ခေါ်သွားပြီး ပြန်လိုက်ပို့ပေးတယ်

ကားမီးရောင်မြင်ဆို ကျွန်တော် ခြံတံခါး အပြေးအလွှားသွားဖွင့်ပေးလိုက်တယ်

Belong With You ❤️🖤Where stories live. Discover now