Belong With You
အပိုင်း (10)
"ခင်ဗျား.. ဘာလုပ်လိုက်တာလဲ"
"နမ်းလိုက်တာလေ ..Perth "
"ဖယ်ဗျာ.. ကျွန်တော်ကိုယ့်ပေါ်က ခင်ဗျားဖယ်"
"Perth..."
ကျယ်လောင်စွာ ဒေါသသံနဲ့ခေါ်ရင်း တွန်းလွှတ်နေတဲ့ Perth လက်နှစ်ဖက်ကို ကုတင်ပေါ်ဖိချုပ်လိုက်တာမို့ Perth လန့်ပြီး တုန်သွားတယ်။
"မင်း.. ဘယ်လို ပြောဆိုဆက်ဆံနေတာလဲ ဟမ်..
မင်းအခုချက်ချင်း အဲ့ ခင်ဗျားတွေ ကျွန်တော်တွေ ပြင်လိုက်စမ်း""မပြင်ဘူး..ဒါ ခင်ဗျားနဲ့တန်တဲ့အသုံးနှုန်းပဲ... အစက မိန်းကလေးတယောက်ကို ကိုယ်ထိလက်ရောက်စော်ကားလို့စိတ်တိုလို့ခေါ်မိတာ... အခုတော့ ခင်ဗျားနဲ့ပိုတန်သွားပြီ.. လွှတ် အခု .. ဖယ်"
"Perth... ကိုကို နမ်းတာကိုစိတ်ဆိုးနေတာလား
ဒါမှမဟုတ် ကိုကို ဆိုးခဲ့တာတွေကြောင့်လား
ဘာကြောင့်ပဲဖြစ်ဖြစ် ကိုကိုတောင်းပန်ပါတယ်
ခွင့်လွှတ်ပေးပါ Perth နော်""ခွင့်လွှတ်ခြင်းဆိုတဲ့အရာက မိုက်ရိုင်းတဲ့လူနဲ့ မတန်ဘူး"
"Perth..
ငါက မိုက်ရိုင်းတဲ့သူလား
မင်းငါ့ကို ဘယ်လိုပြောလိုက်တာလဲ ဟမ်?
အေး ... မင်း ပြောတဲ့ မိုက်ရိုင်းတဲ့သူဆိုတာ ဘယ်လိုလဲ မင်းသိစေရမယ်""ဟာ .. ခင်ဗျား ကျွန်တော့်ကို အဲလိုမလုပ်နဲ့..ဖယ်..ဖယ်"
ဒေါသနဲ့ပြောရင်း Perth ပါးနဲ့ နှုတ်ခမ်း မျက်နှာတပြင်လုံးကို အတင်းအကျပ် နမ်းလာတာမို့ လက်ချုပ်ခံထား၇တဲ့ Perth မှာ ခေါင်းကို ဘယ်ညာလှည့်ကာ ရှောင်ရှားနေရတယ်။
"ခင်ဗျား.. လွှတ်.. ခင်ဗျား ဆက်ဆံဖူးတဲ့ မိန်းမတွေလို ထင်နေလား ဖယ်စမ်း"
Perth ပြောချင်ရာပြောပါ Saint က Perth ရဲ့ မျက်နှာနဲ့လည်ပင်းတဝိုက်ကို တရှိုက်မတ်မတ်နမ်းနေတုန်းပဲ
ကျွန်တော် သူ့ရဲ့အသုံးတော်ခံထဲက လူတယောက်မဖြစ်ချင်ဘူး
မိန်းမတွေကို ရိုးလို့ ကျွန်တော့်ကို လာကစားတာ ကျွန်တော်လက်မခံနိုင်ဘူး။