Trouble of Civil Engineer Student 's Life
Civil Engineer ကျောင်းသားတွေမှာ Project နဲ့ Workshop ဆိုတာ လုပ်ပေးရပါတယ်
နောက်အပိုင်းတွေမှာ ပါလာမဲ့ အင်ဂျင်နီယာကျောင်းသားတွေလုပ်ရမဲ့ Project တွေ Workshop ဆိုတာတွေကို နည်းနည်းကြိုပြောပြထားမယ်နော်
အကြောင်းအ၇ာလေးသိတော့ စာဖတ်ရတာ ပိုအဆင်ပြေမယ်ထင်လို့ပါ
အခုနောက်ပိုင်း မြန်မာပြည်ပညာရေးကတော့ သေချာမပြောနိုင်ဘူးပေါ့နော်
👉 Workshop ဆိုကတော့ လွယ်လွယ်ပြောရင် Practical (လက်တွေ့) ပါပဲ
ပစ္စည်းအစစ်တွေ အသုံးပြုပြီး ဆ၇ာနဲ့ အတူ သင်ယူရတာပါ
အမှတ်ပေးစနစ်ရှိသလို ဒီတိုင်းသင်ကြားတာမျိုးလည်းရှိပါတယ်
ဥပမာ .. အုတ် စီနည်း. ဘိလပ်မြေအချိုးအစားအတိုင်းဖျော်တာ အဲလိုမျိုးကို တကယ်လက်တွေ့လုပ်ပေးရတာပါ
👉 Project ဆိုတာကတော့ Assignment လိုမျိုး
သီးခြားလုပ်ရတာမျိုးေ၇ာ အဖွဲ့အစည်းနဲ့ေ၇ာ နှစ်မျိုးလုံးလုပ်ပေးရပါတယ်
မြန်မာပြည်မှာတော့ BE (final) နှစ်မှ တခုစာပဲလုပ်ရပေမဲ့ နိုင်ငံခြားတိုင်းပြည်မှာတော့ ဘာသာတိုင်းအတွက် လုပ်ပေးရတယ်
ဥပမာ - ရှိပြီးသားအဆောက်အဦးတခု သို့ တံတား သို့ လမ်း စတဲ့ Civil နဲ့ ဆိုင်တဲ့ တခုခု ရဲ့ အချက်အလက်တွေကို Google ကသော်လည်းကောင်း ကိုယ်တိုင် ကွင်းဆင်းလေ့လာပြီးသော်လည်းကောင်း
အချက်အလက်တွေကိုစုပြီး ကိုယ်တိုင် တည်ဆောက်သလို အစအဆုံး စာတမ်းပြုစုပေးရတာမျိုးပါ
(စိတ်အညစ်ဆုံးဒုက္ခပဲ မြန်မာတုန်းက ပေါ့ပေ့ါတန်တန်လုပ်ခဲ့ပေမဲ့ သူများနိုင်ငံမှာ သေချင်စော်နံရတဲ့ Assignment မျိုး)
အဲ့တော့ အပိုင်း 17 ကစပြီး ပါလာတဲ့ Wrokshop တို့ Project တို့ဆို Perth တို့ ဘယ်လောက် ဒုက္ခကြီးကြီး လုပ်၇မယ်ဆိုတာ ခံစားပေးထားပါနော်
အိုကေ ဒါဆို အပိုင်း (17) နဲ့ အတူ ခဏနေ ပြန်လာခဲ့ပါမယ်နော်