Belong With You
အပိုင်း (3)
ညနေအိမ်ပြန်ရောက်တော့ P'Saint အခန်းကိုတန်းသွားလိုက်တယ်
ဒေါက် ဒေါက်
"ကိုကို ပြန်ရောက်နေပြီလား သား ၀င်လာခဲ့လို့ရလား?"
"၀င်လာ"
အခန်းတံခါးတွန်းဖွင့်၀င်သွားပြီး
"ကိုကို"
"ပြော"
ကုတင်ပေါ် ကျောမှီပြီး ကျောင်း၀တ်စုံမလဲပဲ Game ထိုင်ဆော့ရင်း ထူးလိုက်တယ်
"မနက်က ဟ်ိုမိန်းကလေးကို ဘာလို့အဲလိုလုပ်တာလဲ"
"ဘယ်မိန်းကလေး??"
"ကိတ်နဲ့ပန်းစည်းလာပေးတဲ့ ဖြူ ဖြူ နဲ့တယောက်"
"မင်းနဲ့ဘာဆိုင်လို့လာမေးနေတာလဲ"
Perth အမေးကိုစိတ်မ၀င်စားသလို Game ဆော့မပြတ် ပြန်မေးနေတယ်
"ဘာမှတော့ မဆိုင်ပါဘူး ဒါပေမဲ့ ယေက်ျားကောင်းဆို အဲလို မလုပ်သင့်ဘူးလေ"
'(သွားပြီ ငါပြောမိတာမှားပြီ ယောက်ျားကောင်းမဟုတ်ဘူးပြောရင် သူကြိုက်မှာမဟုတ်ဘူး
သေစမ်းရှည်မိတဲ့ဒီပါးစပ်) စိတ်ထဲမှာတော့ ကိုယ့်ပါးစပ်ကိုယ် ဆယ်ချက်လောက်ရိုက်ပြစ်လိုက်တယ်ပြောလ်ို့လည်းနိုင်တာမဟုတ်ဘူး
တသက်လုံး လျှာရှည်ပြောမိတိုင်းလည်း အဆူခံနေရတာကို ငါ ဘာလို့ တဖက်မိန်းကလေးကို သနားစိတ်နဲ့ ပြောမိတာလဲ?
ငါတော့ သေတော့မှာပဲ'
Game ဆော့ရင်း တချက်မော့ကြည့်ပြီး ဖုန်းဘေးချကာ Perth ဆီလျှောက်လာလိုက်တဲ့ Saint
အနားရောက်တော့ Perth ကော်လံကိုဆွဲကာ
"မင်း ဘာပြောလိုက်တာ"
ခေါင်းတလုံးလောက်သာတဲ့ Saint က အင်္ကျီကော်လံက ဆွဲမလိုက်တာမို့ Perth ခြေဖျားထောက်လုထောက်ခင် မြှောက်သွားတယ်
"ကိုကို.. သားပြောတာက အားနည်းတဲ့ မိန်းကလေးကို အဲလိုမလုပ်သင့်ဘူးလို့ ပြောချင်တာပါ"
လက်ကိုလွှတ်လိုက်ပြီး
"မင်းကလေးဦးနှောက်နဲ့ဘာနားလည်လို့လဲ Perth... တခါအခွင့်အရေးပေးလိုက်ရင် နောက်ထပ် အခါခါ လာပတ်သက်နေမှာ ငါမကြိုက်ဘူး... မင်းနောက်ဆို ငါ့ကိစ္စတွေ ၀င်မစွက်ဖက်နဲ့.. စွက်ဖက်ချင်လာရင် ဘောလုံးယူပြီးလာခဲ့ ..ကြားလား?"