Belong With You
အပိုင်း (20)
29.03.2019 Friday
အိပ်၇ာမထနိုင်ဘူးဆိုတဲ့အကြောင်းပြချက်နဲ့ Tin ရော Can ပါ ကျောင်းပြေးပြီး အိမ်မှာအိပ်ကျန်ခဲ့တယ်
Perth ကိုကျ ကျောင်းသွားပါတဲ့
Surveying အချိန်မို့တဲ့
ဆရာသင်တဲ့Horizontal Distance နဲ့ Vertical Distance တွေကို ဒီမနက် အိပ်ရေးမဝဘဲ နားထောင်မိရင် အရူးထောင် တန်းရောက်မှာတဲ့
နောက်တပတ် Workshop Time ၇ှိတာမို့ အဲ့နှစ်ကောင်မတက်ရင် ကျွန်တော် သွားတက်မှလေ
အဖွဲ့မှာက မိန်းကလေးတွေပါတော့ ကျွန်တော်တို့ကဦးဆောင်မှဖြစ်မယ်
ကျွန်တော် အတန်းမတက်၇င် နောက် တပတ် WorkShop Time ကျ ငါးယောက်သား Level မချိန်တတ် မတွက်တတ်တာနဲ့ပဲ သေချာတယ် ရှုံးမှာ
အိပ်ချင်အိပ်ကျန်ခဲ့ မနက်ပိုင်းချိန်ပြီးရင် ပြန်လာမယ် ပြောပြီးထားခဲ့လိုက်တယ်
အတန်းရောက်တော့ မချောနှစ်ယောက်က ရောက်နေပြီ
"ဟို သကောင့်သားလေးတွေရော"
"အသက်ပျောက်ကျန်ခဲ့တာနေမှာပေါ့"
သိသိရက် အငေါ်တူးမေးတဲ့ChaAm စကားကို ChomPo က အတိုင်အဖောက်ညီညီ ထပြောတယ်
"ညက ငါတို့ ၂နာ၇ီကျော်မှအိပ်ရတာ.. နင်တို့ပြန်တော့ ငါတို့ Mall Information တွေဆက်ရှာသေးတယ်"
"နင်တောင် ကျောင်းလာနိုင်သေးတာကို"
Perth ရဲ့ ဖြေရှင်းချက်ကို ChomPo ကလက်မခံ
"ငါလည်း Survey ချိန်ပြီးရင် ပြန်မယ်.. ကိုကိုညက အပူနည်းနည်းပြန်တက်လို့ ငါ စိတ်ပူပြီး အိပ်မရဘူး.. အိပ်ချင်နေတယ်.. ပြန်မှာ .. ပြီးတော့ ကိုကို့ကိုလည်း အန်တီမရှိဘဲ ထားခဲ့ရတာ"
"အေး.. နင်ပြန်ချင်ပြန်လေ .. ငါတို့ အတန်းပြီးမှ နင့် အိမ် တန်းလာခဲ့မယ်.. အခုတော့ ငါ Toilet သွားဦးမယ်"
ပြောပြီး ဗိုက်ကလေးဖိကာ ChaAm ပြေးထွက်သွားတယ်ဆိုရင်ပဲ
ChomPo က နောက်ခုံမှာထိုင်နေတဲ့ သူ့ဘက်လှည့်လာပြီး မျက်နှာချင်းဆိုင် ထိုင်ကာ