Belong With You
အပိုင်း (24)
12.04.2019 Friday
ကိုကို တပတ်ကျော်လုံးလုံး နေ့တိုင်း ဒီပစ္စည်းတွေ ပို့နေပေမဲ့ တခါမှကိုကို့ကို သေချာမတွေ့ရသေး
ဘူးကျောင်းမှာလည်း တွေ့ရရင်ကျောင်းသွားကျောင်းပြန်ချိန် ကိုကိုကားမောင်းထွက်သွားတာလောက်ပဲ
နဂိုလို တအိမ်ထဲနေရတာ မဟုတ်တော့ အမြဲလည်း မမြင်ရတော့သလို ကိုကို့ ဝေရာ၀စ္စတွေ လုပ်မပေးရတော့ အနီးကပ်လည်း နေခွင့်မရဘူး
ကိုကိုမရှိတော့ အိမ်မှာ ခြောက်ကပ်တိတ်ဆိတ်နေတယ်
အန်တီ နဲ့ ကိုကို လည်းအမြဲ လိုလို ဖုန်းနဲ့ စကားအခြေအတင်ဖြစ်နေတာ အမြဲ လိုလို သတိထားမိတယ်
ဘာတွေဖြစ်နေကြလဲ မသိပေမဲ့ အန်တီကိုယ်တိုင်လည်း ဒီတလော မျက်နှာမကောင်းတာမို့ ကျွန်တော်လည်း မသိသလို နေနေတာနဲ့
အန်တီနဲ့ ကျွန်တော်လည်း ဒီရက်ထဲ မတွေ့မိသလောက်ပဲ
ဒီနေ့လည်း ကိုကို ပို့လိုက်တဲ့ ပါဆယ်ထုတ်လေးလက်က ကိုင်ပြီး အိမ်ထဲ ၀င်လာဆို အန်တီ ဧည့်ခန်းမှာ ထိုင်နေတာတွေ့လို့ နှုတ်ဆက်လိုက်တော့
"သား .. Perth လာပါဦး အန်တီ ပြောစရာရှိလို့"
"ဟုတ်."
ဆိုဖာပေါ် အန်တီရှေ့၀င်ထိုင်လိုက်ပြီး
"သားကို ဘာပြောမလို့လဲ အန်တီ.."
အန်တီက ကျွန်တော့်ဘေးမှာ လာထိုင်ပြီး လက်ဖမိုးကို အုပ်ကိုင်ကာ ပြုံးပြုံးလေးနဲ့
"သားလေး .. သားကို အန်တီက သားအရင်းလို ချစ်တာ သားသိတယ်မလား"
"ဟုတ် အန်တီ .. သား သိပါတယ်.. သား အမြဲလည်းတန်ဖိုးထားပါတယ်.. အဲ့ ကျေးဇူးတရားတွေကိုလည်း အမြဲ ပြန်ဆပ်နိုင်အောင် ကြိုးစားနေပါတယ်.."
"သြော် သားရယ်.. ကျေးဇူးတရားတွေကို ပြန်ဆပ်ဖို့ အန်တီ မပြောပါဘူး .. မလိုပါဘူး.. သားလေးက အန်တီ့သား အငယ်လေးပဲလေ.. အန်တီက မိဘဆိုတော့ မိဘတို့ ၀တ္တရားကလည်း ရှိတယ်မလား? အဲဒါကြောင့် အန်တီက သားရဲ့အိမ်ထောင်ရေးကို စဉ်းစားထားတယ်.."