Belong With You
အပိုင်း (18)
27.3.2019 , Around 3:00PM
ကျောင်းက ပြန်လာတော့ ကို့ကို အခန်းဘက် တချက်ငဲ့ကြည့်လိုက်ပြီး သွားရင်ကောင်းမလား မသွားရင်ကောင်းမလား စဉ်းစားနေတယ်
နေ့လည်က Par ကို ဖုန်းဆက်တော့ Doctor အစောကြီးလာသွားတယ် သက်သာတယ်ပြောလို့ နေ့လည်ပိုင်း တချိန် ကျောင်းဆက်တက်လိုက်တာ
မသက်သာရင် ပြန်လာမိမယ်ထင်တယ်
တွေတွေလေး လှေကားထိပ်ရပ်ပြီးစဉ်စားနေတုန်း
"Perth .. သား Saint အခန်း သွားမလို့လား.?"
"ဗျာ.? .. ဟုတ်"
"ဒါဆို သား ကိုကို့ ကို ရေပတ်လေး တိုက်ပေးလိုက်နော် . Par ဆန်ပြုတ်လေးပြုတ်ပြီးရင် လာပို့ပေးမယ် .. နော်"
"ဗျာ..."
ပြောပြီး ပြန်ဆင်းသွားတဲ့ Par ကို ဘာမှ မေးချိန်မရလိုက်ဘူး
မတတ်နိုင်ဘူး သွားရတော့မှာပဲ
အခန်းထဲရောက်တော့ ကုတင်ခေါင်းရင်း မှီထိုင်ပြီး စာအုပ်တအုပ်ပေါ် ဘာတွေရေးနေလဲမသိ ရေးနေတယ်
ကျွန်တော် ၀င်လာတာမြင်တော့ စာအုပ်လေး ဘေးချပြီး
"Perth.."
ခေါ်လိုက်တဲ့ အသံက နူးနုးညံ့ညံ့လေး
"အင်းး... ရေပတ်တိုက်ပြီး အ၀တ်တွေလဲပေးမယ်"
ပြောပြီး ရေချိုးခန်းထဲ ၀င်ကာ ရေပူရေအေး မျှအောင် စပ်ထားတဲ့ ရေဇလုံနဲ့ ပုဝါတထည်ယူပြီး ပြန်ထွက်လာတယ်
နာရီကြည့်လိုက်တော့ ညနေ သုံးနာရီ၀န်းကျင်မို့ ရေပတ်မြန်မြန်တိုက်ပေးဖို့ ဆုံးဖြတ်လိုက်တယ်
ခဏနေ နေ့အပူချိန်ကျသွားလို့ အေးရင် ပြန်အပူတက်နေမှာစိုးရတယ်
ရေပတ်တိုက်ပေးနေတဲ့ တလျှောက် ကျွန်တော် လုပ်ပေးသမျှကို ငြိမ်ခံပြီး မျက်တောင်မခတ် မျက်နှာကိုလိုက်ကြည့်နေတာ ကျွန်တော် မနေတတ်တော့ဘူး
"ခင်ဗျား.. ဘယ်လိုဖြစ်လို့ အရမ်း လိုက်ကြည့်နေတာလဲ.. ကျွန်တော် ဘာမှ မလုပ်ပေးဘဲ Par ကိုလွှတ်လိုက်ရမလား.."