9

65 9 0
                                    

Belong With You

အပိုင်း (9)

အခုတလော ကိုကို အရမ်းပြောင်းလဲလာတယ်

မိန်းကလေးတွေကိုလည်း ရိုင်းရိုင်းစိုင်းစိုင်းမပြောတော့သလို ကျောင်းတွင်း Activities နဲ့ ပရဟိတလုပ်ငန်းတွေမှာပါ၀င်လာတယ်။

ကျွန်တော့်ကိုလည်း အနိုင်ကျင့်တာနည်းလာသလို နိုင်ထက်စီးပြောတာလည်း လျော့လာတယ်။

တခါတလေ သူ့ကိုကြည့်ရတာ စိတ်နဲ့ကိုယ်နဲ့မကပ်သလို တခုခုကိုပြောချင်နေပြီး ပြောလည်းပြောမဲ့ ပုံမပေါ်ပြန်ဘူး။

သူနဲ့ပတ်သက်ပြီး မစဉ်းစားတာဘဲ ကောင်းတယ်။

အာရုံစားတယ်။

အတွေးနဲ့အတူ ကျောင်းခန်းဘက်လမ်းလျှောက်လာတော့ ကော်ရစ်တာ ဒေါင့်ချိုးရောက်ချိန်မှာ

"အမလေး.."

ကောင်မလေးတယောက် တိုက်မိမလိုဖြစ်ကာ လန့်သွားတယ်

"ဟာ .. Sorry ပါ .. ကျွန်တော်အတွေးလွန်လာလို့ပါ တောင်းပန်ပါတယ်နော်"

"ရပါတယ် Chompoo လည်း နမော်နမဲ့နိုင်လို့ပါ "

လွတ်ကျတဲ့ စာအုပ်တွေအတူတူကောက်ရင်း အပြန်အလှန်တောင်းပန်စကားဆိုနေရင်း Perth သတိထားမိတာ ဒီမ်ိန်းကလေး ကျောင်းသူအသစ်ဖြစ်နေတယ်ဆိုတာပဲ။

"ကျောင်းသူအသစ်လား"

"ဟုတ် .. ဒီနေ့ပဲ Civil Engineer Department ကို ပြောင်းလာတာ "

"ဟုတ်လား ဒါဆို Dept. အတူပဲပေါ့"

"ဟုတ်လား ဒါဆို Chompo ကိုသူငယ်ချင်းအဖြစ် သတ်မှတ်ပါနော် ဒီနေ့မှပြောင်းလာတော့ အပေါင်းအသင်းမရှိဘူး"

"ဒါပေါ့ ဘာလို့မသတ်မှတ်ရမှာလဲ .. ကျွန်တော့်တို့အဖွဲ့က ခင်တတ်တယ် ChaAm ဆိုတဲ့ မိန်းကလေးသူငယ်ချင်းလည်းပါတော့ အဖော်ရတာပေါ့"

"ဟုတ် ဒါနဲ့ Khun နာမည်က"

"Perth ပါ"

"Chompo ပါနော် မှတ်ထားဦး"

"ဟုတ်ကဲ့ .. လာ အတန်းနောက်ကျနေပြီ"

နှစ်ယောက်သား စကားတပြောပြောနဲ့ပြုံးရယ်ပြီး စာသင်ခန်းဘက် လမ်းလျှောက်သွားတာကို Saint မြင်နေရတယ်

Belong With You ❤️🖤Where stories live. Discover now