17

68 8 0
                                    

Belong With You

အပိုင်း (17)

27.3.2019 , မနက်စောစော

အိပ်ရာကနိုးတော့ ဘယ်အချိန်မှန်းမသိပေမဲ့ Bed Light ကလွဲရင် အပြင် အလင်းရောင်မတွေ့ရလို့ မိုးတော့ ကောင်းကောင်းမလင်းသေးတာသိတယ်

ဘောလုံးကွင်းထဲ လေစိမ်းတွေတိုက်နေတာကို အကြာကြီးထိုင်လိုက်မိတာရယ်

အိမ်ပြန်ရောက်တော့ Air Con အရမ်းအေးတဲ့ကြားထဲအိပ်ပြစ်လိုက်မိတာရယ်ကြောင့် ဖျားနေပြီ

ညကPerth ကိုဖက်ထားရင်းအိပ်ပျော်သွားတာ

စကားတွေလည်းပြောလိုက်တယ် ဘာတွေပြောလိုက်လဲသိသလိုမသိသလို

သတိရသွားလို့ ဘေးဘီဝဲကြည့်တော့ Perth မရှိတော့ဘူး

ဘယ်ချိန်ထဲကထွက်သွားတာလဲ

ညကအိပ်ပျော်သွားထဲကထားခဲ့တာလား

ဖက်လိုက်မိလို့ ထပ်များစ်ိတ်ဆိုးပြီးထားခဲ့တာလား

တွေးနေရင်းစားပွဲခုံပေါ်ကစာလေးတစောင်မြင်လို့ ယူဖတ်လိုက်တယ်

📝 Family Doctor ကိုစာပို့ထားပြီးပြီ. မနက်စောစောလာဖို့ပြောထားတယ် .. ကျွန်တော် ကျောင်းမသွားခင် အန်တီနဲ့ Par ကိုနှိုးပြီး လွှတ်လိုက်မယ်... ဒီနေ့ ကျောင်းမတက်နဲ့ 📝

လူကြီးလေးလို ရေးထားတဲ့ Perth ရဲ့စာကြောင့် ပြုံးလိုက်မိတယ်

(Perth ရယ် ..ကိုကို့အချစ်ကို မြိုသိပ်ရတာ မောပန်းနေပြီကွာ.. မင်းကို ကိုကိုညကတောင်းပန်လိုက်မိတယ် ထင်ပါတယ် .. ဒါပေမဲ့ ကိုကိုအချစ်ကိုတော့ ဖွင့်ဟ ပြောဖြစ်ရဲ့လား .. မပြောဖြစ်လားကိုကိုမသိဘူး.. ကိုကိုအခွင့်အရေးရှိခဲ့မယ်ဆိုရင်တော့ .. မင်းကိုဖွင့်ပြောမှာပါ.. ဒါပေမဲ့ ကိုကိုအရင် မင်းရင်ထဲရောက်အောင် လာခဲ့ပါ့မယ်.. ကိုကို့အတွက် အချိန်မရှိဘူး .. မဖြစ်နိုင်ဘူး ဆိုတာသိတယ်.. ဒါပေမဲ့ နောက်ဆုံး လက်လွှတ်ရမယ်ဆိုရင်တောင် ကိုကို ရောက်နိုင်သမျှ ရောက်အောင် မင်းရင်ထဲလာခဲ့ပါ့မယ်..)

Perth အကြောင်းတွေးရင်း ပြန်အိပ်ပျော်သွားတော့

အိပ်မက်ထဲကအချစ်ညလေးထဲမှာ Perth နဲ့အတူသာယာပျော်ရွှင်နေမိတာတသက်လုံးတောင် မနိုးချင်တော့ဘူး

Belong With You ❤️🖤Where stories live. Discover now