အပိုင်း (25)
13.04.2019
ကျွန်တော် ကိုကို လာမယ်ဆိုလို့ တမနက်လုံး Par ကို ကူချက်ပြုတ်ပေးနေတာ
ကျွန်တော် ကိုကို့ဖို့ ထမင်းပွဲပြင်ဆင်နေတုန်း အန်တီက ခရီးဆောင်အိတ်အသေးဆွဲထားရင်းနဲ့
" Saint မလာဖြစ်တော့ဘူး Par .. "
အဲ့တော့ ကျွန်တော် မောတာပဲ အဖတ်တင်တယ်ပေါ့ ကိုကိုကရောက်မလာဘူးပေါ့
"ကျွန်မလည်း ခရီးသွားမယ် တရက်နှစ်ရက်တော့ ကြာမယ်ထင်တယ်.. သား Perth."
"ဗျာ.."
"အန်တီ ပြန်လာရင် သားအဖြေကို သိပါရစေ.. နော်"
"ဗျာ.. ဟုတ်"
အဖြေတဲ့
ကျွန်တော် ဘယ်က ဆွဲထုတ်၇မလဲ
နှလုံးသားကလား?
ဦးနှောက်ကလား?
....................................................................
ဒီနေ့ အိမ်ပြန်မယ်လို့ စဉ်းစားထားမိတယ် အဓိကကတော့ Perth နဲ့ စကားပြောချင်တယ်
ရင်ထဲမတင်မကျတွေကို မေးချင်တယ် သူ့ပါးစပ်ကဖြေတာ ကြားချင်တယ်
အိမ်ကထွက်ခါနီးမှ မာမီက ဖုန်းဆက်ပြီး
"Saint.. မာမီ ဒီနေ့ အရေးကြီးကိစ္စရှိလို့ ခရီးသွားရမယ်.. ပြန်လာရင် မင်းအတွက် သေချာတဲ့ အဖြေပြောမယ်.. မင်းစောင့်နေပါ..
သြော.. မင်း အိမ်မလာနဲ့တော့.. မာမီမရှိချိန် မင်းတို့ နှစ်ယောက်ကို စိတ်ချလက်ချ မထားနိုင်ဘူး.""ဘာဆိုင်လို့လဲ .. မာမီ"
"ဆိုင်ဆိုင်.. မဆိုင်ဆိုင်.. မလာနဲ့ဆို မလာနဲ့ပဲ.."
ဖုန်းချပြစ်လိုက်ပြီး
Shit!
စိတ်ရှုတ်လိုက်တာ
ဘာလုပ်ရမလဲ ...
ခေါင်းအုံးထဲ မျက်နှာမြုပ်ပြီး လူးလှိမ့်ပြစ်လိုက်မိတယ်
အသက်ရှု ကျပ်လောက်တော့မှ ပက်လက်လှန် လေပြင်းပြင်းမှုတ်ထုတ်ပြီး အတွေးတွေက လွန်ခဲ့တဲ့ တပတ်ကျော်လုံးလုံးက သူမြင်တွေ့သမျှတွေကို မျက်လုံးထဲ ပြန်မြင်ယောင်နေမိတယ်