Belong With You
အပိုင်း (12)
22.03.2019
"ကျွန်တော်. မသွားဘူးမာမီ...လုံး၀ မသွားနိုင်ဘူး"
"မသွားလို့ မရဘူး... နင် သွားကိုသွားရမယ်"
"ကျွန်တော် ကျောင်းပဲပြီးတော့မယ် ဘာလို့ အမေရိကားမှာ ကျောင်းတက်စေချင်နေရတာလဲ.. ဘာမှလည်း ကြိုမပြောဘဲ.. ကျွန်တော့်ကိုလည်း မတိုင်ပင်ဘဲ ဘာလို့ မာမီသဘောနဲ့ မာမီလုပ်တာလဲ?"
"ဘာလို့ဆိုတာ နင် သိပ်သိချင်နေတာလား Saint.. ဟမ်?"
"ဟုတ်တယ်... အကြောင်းပြချက်မရှိဘဲ ကျွန်တော် မသွားနိုင်ဘူး မာမီ"
"အေး.. နင်မသွားဘူးဆို ငါ့အနေနဲ့ Perth ကို အဝေးပို့၇ုံပဲ.. နင့်အတွက်နဲ့ ငါ Perth ကို မရက်စက်ပါဘူးလို့ အာမ မခံနိုင်ဘူး Saint "
"ဟင်......မာမီ.."
"အေး.... ငါသိတယ်... နင်တို့ ဘာဖြစ်နေလဲ ငါသိတယ်.. ငါလက်ခံနိုင်မယ် နင်ထင်နေလား ဟမ်?"
"မာမီ..မာမီ... ကျွန်တော် ရှင်းပြမယ်"
စိတ်ဆိုးတကြီးပြောနေတဲ့ အမေလုပ်သူ အနားသွားပြီး လက်ကလေးကို ဆွဲကာ လေသံပျော့ပျော့လေးနဲ့ Saint ရှင်းပြမယ် တောင်းဆိုတော့ Nuk က လက်ကို အတင်းတွန်းလွှတ်ကာ
"နင်.. ငါ့ကို ရှင်းပြစရာမလိုဘူး..ငါ မျက်လုံးနဲ့ မြင်ခဲ့တာ."
"မာမီ.. ကျွန်တော်..."
"ဟီးးး..ဟီးးးး.. ငါမှာ ဘယ်လို ၀ဋ်ကြွေးပါလာလို့ နင်တို့သားအဖ အဲ့လောက်ရက်စက်ရတာလဲ....ဟီးဟီးးးးးးးးး.. ငါ ပတ်၀န်းကျင်မှာ ဘယ်လို မျက်နှာမျိုးနဲ့ နေထိုင်ရမလဲ Saint ရဲ့....နင်ပြောတော့ ဒါ မာမီ စိတ်ပူရမဲ့ကိစ္စမဟုတ်ပါဘူး ဆို ....ဟီးး ဟီး 😭😭"
"မာမီရယ်............"
အရမ်းငိုရင်း ဆိုဖာထိုင်လိုက်တဲ့ အမေအနားမှာ ၀င်ထိုင်ပြီး ပုခုံးလေးကို ဖက် အားပေးရင်း Saint ကိုယ်တိုင်လည်း မျက်ရည်တွေ ကျလာတယ်
"မာမီ.. ကျွန်တော် မာမီကို အရှက်မရစေချင်ပါဘူး....ဒါပေမဲ့ ကျွန်တော့်ကို အဝေးမပို့ပါနဲ့နော် ... ကျွန်တော် Perth ကိုမခွဲနိုင်လို့ပါ.."