P_33 (Uni)

5.1K 744 165
                                    

"ကလေးလေး မကွေးက ကိုယ့်အဒေါ်ဆုံးလို့ ကိုယ်တို့တစ်အိမ်လုံး မကွေးသွားရမယ်။ အဲ့ဒါ ကလေးလေးရော လိုက်ခဲ့မလာ"

"ဘယ်နှစ်ရက်လောက်ကြာမှာတုန်း"

"ငါးရက်လောက်တော့ ကြာမယ်ထင်တယ်"

"ငါးရက်တောင်။ ကျွန်တော် မလိုက်လို့လည်း ဖြစ်တယ်မလား"

"အင်း ကိုယ့်အနေကတော့ ကလေးကို ခေါ်သွားချင်တယ်။ ဒါပေမဲ့ ကလေးက ကားမူးတတ်တော့လေ မခေါ်လည်း မခေါ်ရက်ဘူး"

"ကျွန်တော် မလိုက်လို့ ဖြစ်တယ်ဆိုရင် မလိုက်တော့ဘူး"

"မလိုက်လို့တော့ဖြစ်ပါတယ်။ ကိုယ်ကမဖြစ်နေတာ။ ကလေးကို တစ်ယောက်တည်း ထားခဲ့ရမှာ စိတ်မချဘူး။ ကလေးကို စိတ်မချလို့ဆိုပြီး ကိုယ်က နေခဲ့ရင်လည်း အဒေါ်တစ်ယောက်လုံး ဆုံးတာတောင် မလာဘူးဘာညာက ရှိသေးတော့"

"ကျွန်တော်တစ်ယောက်တည်းလည်း နေရဲပါတယ်ဗျာ"

"ကလေးနေရဲတာကို ကိုယ်သိပေမဲ့၊ ဒီလိုလုပ် ငါးရက်လောက် စစ်ကိုင်းမှာ သွားနေမလား"

"ဟင် မနေချင်ဘူး"

"နေလိုက်ပါကွာ။ ကလေးမေမေတို့လည်း ကလေးလေးကို လွမ်းနေလောက်ရောပေါ့"

"ဒါပေမဲ့ အလုပ်က ရှိသေးတယ်လေ"

"ရတယ်။ အဲ့ကောင်ကို ကိုယ် ပြောလိုက်မယ်။ သွားနေလိုက်နော် ကလေးလေး"

သူမရှိတာနဲ့ စစ်ကိုင်းမှာ ဇွတ်တရွတ် သွားနေခိုင်းနေတဲ့ အကိုသူရကြောင့် ကျွန်တော် စိတ်ညစ်သွားတယ်။

"ကလေးလေး သွားနေလိုက်နော်။ ကိုယ်ပြန်လာတာနဲ့ ချက်ချင်း ပြန်လာခေါ်မယ်လေ။ နော်လို့"

"ပြီးရောဗျာ။ ပြီးရော"

စူစူအောင့်အောင့်နဲ့ ကျွန်တော်ကဖြေတော့ အကိုသူရက ဝမ်းသာသွားတယ်ထင်၊ အားရပါးရပြုံးပြီး ကျွန်တော့်ကိုလည်း လိမ္မာလိုက်တာဆိုတဲ့ပုံစံမျိုးနဲ့ သူ့ရင်ခွင်ထဲထည့်တယ်။

"ကိုယ် နှစ်ရက်နဲ့ပြန်လာမယ်ကလေးရာ၊ သွားမှာ ပြန်မှာနဲ့ဆို အလွန်ဆုံး သုံးရက်ပါပဲ"

"အင်းပါ။ ကျွန်တော်က ဘာပြောနေလို့တုန်း"

ကျွန်တော်ပြောတော့ ကျွန်တော့်ကို ချစ်လိုက်တာကွာဆိုပြီး နဖူးကို တစ်ချက်နမ်းတယ်။ ပြီးတော့ သက်ပြင်းတစ်ချက်ချပြီး "ကိုယ်တကယ် တစ်ယောက်တည်း မအိပ်ချင်ဘူးကွာ"တဲ့ ခပ်လေးလေးညည်းညူတယ်။

သူရယ် ကျွန်တော်ရယ် ပန်းမြို့တော်ကြီးဝယ် (Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ