🎶ကိုယ်တိုင်က တိမ်တွေလိုဖြူစင်ပေမယ့်လည်း...
ကြုံလာတဲ့ လူတွေက ပင်လယ်လိုမာယာများတဲ့အခါ...
ထားလိုက်ကွာ... ဝမ်းနည်းမနေပါနဲ့ ဘာလို့ရှုံးပွဲချငိုမှာလဲ... သေချာလား အဲ့အချစ်က မင်းဘဝအတွက်မရှိမဖြစ်ပါပဲလို့ နည်းနည်းလောက်စဉ်းစားပါအခု... ကမ္ဘာမှာအသည်းကွဲဖူးတာ မင်းတစ်ယောက်တည်း မဟုတ်ဘူး🎶"အကိုသူရ ဖယ်ဦး။ ဖုန်းလာနေတယ်ဗျ"
"ခဏပဲ။ ကိုယ်ပြီးတော့မယ်"
"ခင်ဗျားနဲ့တော့ဗျာ... ဒီလောက်လုပ်နေရတာကို မရိုးနိုင်သေးဘူးလား"
"ကိုယ်ကလုပ်ချင်လို့မဟုတ်ရပါဘူး။ ကလေးရဲ့မျက်နှာပေါ်က ဝက်ခြံတွေ အမြန်ပျောက်အောင်လို့ပါ"
"ခင်ဗျားနည်းက ဟုတ်ရောဟုတ်လို့လားဗျာ။ သုံးရက်ဆက်တိုက် လုပ်နေတာကို ဝက်ခြံတွေက အခုထိမပျောက်သေးဘူး"
"အဲ့ဒါ အစပဲရှိသေးလို့။ မယုံရင် စောင့်ကြည့်နေ။ ကလေးမျက်နှာက အရမ်းကိုသန့်စင်သွားတော့မှာ"
"ခင်ဗျားပြောသလို ဟုတ်ရင်ဟုတ်ပေါ့ဗျာ။ မဟုတ်လို့ကတော့..."
"ဟုတ်တယ်။ အတည်ပြောတာ။ ကိုယ်နည်းနည်းကြမ်းမယ်နော်"
ပြောပြီး တရစပ်ဆောင့်တော့တယ်။ ကျွန်တော့်မှာ စကားဆက်မပြောနိုင်တော့...
ကျွန်တော် အကိုသူရတို့အိမ်ကိုရောက်နေခဲ့တာ ဒီနေ့နဲ့ဆို သုံးရက်ရှိပြီ။ ကျောင်းတွေပိတ်လို့ လာနေတာတော့ မဟုတ်ဘူး။ ကျောင်းကဖွင့်တယ်။ ဘာလို့ လာနေဖြစ်တာလဲဆိုတော့ ဒီလို...
ကျွန်တော်တို့ ကျောင်းတွေဖွင့်တော့ အကိုသူရက ကျွန်တော့်ကို စစ်ကိုင်းပြန်ပို့ပေးတယ်။ ကျွန်တော်က စစ်ကိုင်းမှာပဲ ကျောင်းတက်။ အကိုသူရကတော့ သောကြာနေ့ညနေခင်းဆို စစ်ကိုင်းလာပြီး တနင်္လာနေ့မနက်မှာ သူ့အိမ်ကိုပြန်တယ်။ အဲ့တော့ ကျွန်တော်တို့နှစ်ယောက်က တစ်ပတ်မှာ သုံးညအတူတူအိပ်ရတယ်ပေါ့။
သုံးညအတူတူအိပ်ရပေမယ့် ဘာမှတော့မဘာဖြစ်ဘူး။ ကျွန်တော့်အိမ်ဆိုတော့ အကိုသူရကလည်း ကျွန်တော့်ကို ဘာမှမလုပ်ဘူး။ ဒီတိုင်းပဲ အတူအိပ်တာ။ အယ် ဘာမှမလုပ်ဘူးဆိုပေမယ့် မိုးတွေသည်းကြီးမည်းကြီးရွာတဲ့ညတွေဆိုရင်တော့ လုပ်တယ်။ ဒါပေမယ့် သူလာတဲ့ရက်နဲ့ မိုးရွာတာက သိပ်မဆုံတာကြောင့် မလုပ်ဖြစ်ဘူးပဲ ထားလိုက်ပါတော့။