P_12 (Zawgyi)

2.4K 128 21
                                    

"ဟာ အကိုသူရစိုး အခုမှ ဗုဒ္ဓဟူးနေ့ပဲ ရှိသေးတာကို ဘယ်လိုလုပ် ရောက်လာတာတုန်း"

"နမ်းချင်လို့"

"ဟမ်!"

"ကိုယ် မင်းကို နမ်းချင်တာ ဘယ်လိုမှ ထိန်းမရတော့လို့"

ပြောပြောဆိုဆိုနဲ့ ကျွန်တော် သူ့ကို အငမ်းမရ နမ်းပစ်မိတယ်။ သီဟနိုင်က ကျွန်တော့်အနမ်းတွေကို မတုံ့ပြန်။ နည်းနည်းကြာတော့ ကျွန်တော့်ကို တွန်းလွှတ်၏။

"အကိုသူရ ခင်ဗျား ဘယ်လိုဖြစ်နေတာလဲ။ ဒါက ကျွန်တော်တက်နေတဲ့ ကျောင်းနော်"

သီဟနိုင်ရဲ့အပြောကြောင့် ဘေးပတ်ဝန်းကျင်ကို ကျွန်တော် အကဲခတ်မိတယ်။ ဟုတ်သား။ ဘေးမှာ သီဟသူငယ်ချင်းတွေက ကျွန်တော်တို့ကို ကြောင်ပြီး ကြည့်နေကြတယ်။ ပြီးတော့ ဖြတ်သွား၊ဖြတ်လာ လူတချို့နဲ့ ခပ်လှမ်းလှမ်မှာ ရှိနေကြတဲ့ လူတွေကလည်း ကျွန်တော်တို့ကို လှမ်းပြီး ကြည့်နေကြတာကို တွေ့လိုက်ရတာကြောင့် ကျွန်တော်က ရှက်ရယ်,ရယ်ပြလိုက်ရတယ်။

"Sorry ကလေးလေး။ ကိုယ် နည်းနည်း စိတ်မထိန်းနိုင် ဖြစ်သွားလို့"

ရယ်ကျဲကျဲနဲ့ ကျွန်တော်ကပြောတော့ သီဟနိုင်က ဘာမှ ပြန်မပြောဘဲ ကျွန်တော့်ကို ကြောင်ကြည့်နေတယ်။ ကျွန်တော် စိတ်ထင်လို့ပဲလားတော့ မသိဘူး သီဟနိုင်ရဲ့ပုံစံက အံ့သြတဲ့ပုံလည်း ပေါက်နေတယ်။

"ကလေးလေး ဒီနေ့ အတန်းမတက်လို့ အဆင်ပြေလား"

"ဗျာ... မပြေဘူး။ ဒီနေ့အတန်းက အရေးကြီးတယ်"

"ဟုတ်လား။ ကိုယ်က ကလေးနဲ့ သီးသန့်လေး ခေတ္တတွေ့ချင်တာကို"

"ခင်ဗျား ဘယ်ချိန်ပြန်မှာတုန်း။ အခုပြန်တော့မှာလား။ ဒါမှမဟုတ် ကျွန်တော့်ကို စောင့်နေမလား။ အရေးကြီးတဲ့အချိန်ပြီးတာနဲ့ ကျွန်တော် ပြန်ထွက်လာခဲ့မယ်လေ"

"ကိုယ်..."

တကယ်တော့ ကျွန်တော် မအားလပ်။ ကလေးပို့ထားတဲ့ sms တွေဖတ်ပြီး မနေနိုင်တာနဲ့ အမြန်ပြေးလာခဲ့မိတာ။ စိုက်ခင်းကို ဆေးဖြန်းရဦးမှာမို့ ကျွန်တော် ဒီမှာ ကြာကြာနေလို့မဖြစ်။

သူရယ် ကျွန်တော်ရယ် ပန်းမြို့တော်ကြီးဝယ် (Completed)Donde viven las historias. Descúbrelo ahora