အကိုသူရရဲ့ ရင်အုပ်ကျယ်ကျယ်နဲ့ ကျစ်ကျစ်လစ်လစ်လက်မောင်းတွေကြားကနေ ကျွန်တော် နိုးထလာတယ်။ နိုးထလာချင်းချင်း ပြင်ဦးလွင်မှာဆိုတဲ့အသိက ကျွန်တော့်စိတ်ကို အတိုင်းမသိ ပျော်ရွှင်စေတာကြောင့် ကျွန်တော်ပြုံးမိတယ်။ အရမ်းကို တောက်တောက်ပပနဲ့။
"နိုးလာပြီလား ကလေးလေး"
"ဟမ်! အကိုသူရစိုး ဘယ်တုန်းကနိုးနေတာတုန်း"
"ကြာပြီ"
"ဟာ ဘာလို့အစောကြီး နိုးနေတာတုန်း... ပြန်အိပ်လေ"
"ကိုယ်က အိပ်ချင်ပါတယ်။ ဒါပေမဲ့ မအိပ်ချင်တဲ့ကောင်က သက်သက်ရှိတယ်"
အကိုသူရက ပြောရင်းနဲ့မှ ကျွန်တော့် လက်တစ်ဖက်ကို ဆွဲယူလို့ သူ့ရဲ့ အောက်ဘက်တစ်နေရာက ထိုးထိုးထောင်ထောင်အပေါ်မှာ တင်လိုက်လေတယ်။ အဲဲဒါနဲ့ ကျွန်တော်ကလည်း ကျွန်တော့်လက်တွေကို အလိုက်သင့်လေး ရှေ့တိုးနောက်ဆုတ် လုပ်ပေးနေလိုက်တယ်။
ဆယ့်ငါးမိနစ်လောက်ကြာတော့ အကိုသူရတစ်ယောက် အသက်ရှူသံတွေ ပြင်းလာပြီး မထိန်းချုပ်နိုင်တော့ဘူး။
"အာ့ ကလေးလေး... မြန်... မြန်..."
"သီဟနိုင်လို့ခေါ်"
"ဟင်း... သီဟနိုင်... အ့... အာ့... အင်း..."
နောက်ဆုံးတော့ အကိုသူရရဲ့ အသက်ရှူထုတ်သံ ခပ်ပြင်းပြင်းနဲ့အတူ ကျွန်တော့်လက်မှာ အဖြူအရည်ပျစ်ပျစ်တွေ ပေကျံလာတယ်။
"ဘယ်လိုလဲ။ ကောင်းလား"
အသက်ကို အလုအယက်ရှူနေရတာကြောင့် ကျွန်တော့်ရဲ့အမေးကို အကိုသူရ ပြန်မဖြေနိုင်။ ကျွန်တော့်ကိုသာဆွဲလို့ သူ့ရင်ခွင်ထဲ ထည့်လိုက်လေတယ်။
ကျွန်တော် အကိုသူရကို တစ်ခါမှ အခုလိုမျိုး လုပ်မပေးဖူးဘူး။ အခုလည်း ဘာစိတ်ကူးပေါက်ပြီး လုပ်ပေးမိမှန်းမသိပေမယ့် အကိုသူရကို အခုလိုပုံစံ မြင်ရတဲ့အတွက် ကျွန်တော်ပျော်တယ်။
"သီဟနိုင်လို့ အခေါ်ခံချင်တာလား"
"ဟမ်..."
ရုတ်တရက် အကိုသူရရဲ့ အမေးကြောင့် ကျွန်တော် ကြောင်သွားရတယ်။