P_17 (Uni)

5.9K 782 78
                                    

"ဆိုင်ကယ်မစီးချင်ဘူး ကိုကို"

"အင်း... အဲ့ဒါဆို ဆိုင်ကယ်ထားခဲ့မယ်လေ။ ကိုယ်တို့လမ်းလျှောက်ပြန်ကြမလား"

"လမ်းလည်းမလျှောက်ချင်ဘူး"

"အဲ့ဒါဆို ဘယ်လိုလုပ်မလဲ... ကုန်းပိုးရမလား"

"အင်း"

ငမူးကောင်လေးစိတ်တိုင်းကျ ကုန်းပိုးဖို့အတွက် ကျွန်တော် သူ့ရှေ့မှာ ကိုယ်ကို အနည်းငယ် ကုန်းပေးလိုက်တယ်။

"တက်ကလေးလေး"

ကျွန်တော်ပြောတော့ တခစ်ခစ်နဲ့ရယ်ပြီး ကျောပေါ်ကိုတက်တယ်။ သူတက်ပြီးတာနဲ့ ကျွန်တော်က ကိုယ်ကို ပြန်မတ်လိုက်ပြီး ဖြည်းဖြည်းမှန်မှန်နဲ့ စတင်ထွက်ခွာလာလိုက်တယ်။ ကိုယ်တော်လေးကတော့ ကျောပေါ်မှာ ဇိမ်ကျလျက်...

"ကိုယ်မရှိတော့ ဘာတွေပြောကြတာလဲ"

ဘာတွေပြောကြတာလဲ သိချင်တာနဲ့ ကျွန်တော်က စကားစလိုက်တယ်။

"ဘာမှတော့မဟုတ်ပါဘူး၊ ဒီလိုပါပဲ ဟိုကြောင်းဒီကြောင်းပေါ့ ရှေးဟောင်းနှောင်းဖြစ်တွေ ပြန်ပြောနေကြတာရယ်... သြော် ပြီးတော့ ကျွန်တော်တို့ အိမ်တက်ပွဲကျရင် သူတို့လာခဲ့မယ်တဲ့"

"အင်း လာခဲ့လေ၊ ရပါတယ်။ ကိုယ့်အကြောင့်ရော မပြောကြဘူးလား"

"ကိုကို့အကြောင်းလား... ပြောတာပေါ့။ ကိုကိုက ကျွန်တော့်ကို အရမ်းအလိုလိုက်လို့ အမြင်ကတ်တယ်တဲ့။ ပြီးတော့ ကျွန်တော်ကလည်း ကိုကို့ကို သူတို့ထက် ပိုချစ်လို့ ကြည့်လို့မရဘူးတဲ့လေ"

"အဲ့တော့ ကလေးလေးက ဘယ်လိုပြန်ဖြေလိုက်လဲ"

"မင်းတို့ထက်ပိုချစ်တာတော့ ဟုတ်တယ်လို့ ပြန်ဖြေလိုက်တယ်။ သူတို့ကလေ ကျွန်တော့်ကို 'မ,ဘက်လိုက်ပြီး မိုက်ဖက်ပါတယ်'လို့ပြောရအောင်လည်း မင်းလင်က အထီးကြီးတဲ့ ပြန်ပြောတယ်"

သီဟနိုင်ရဲ့စကားကြောင့် ကျွန်တော့်မှာ ဟန်မဆောင်နိုင်အောင်ကို အော်ရယ်မိတော့တယ်။ တကယ့်ဟာလေးတွေ။

"ကိုကို"

"အင်း ကလေးလေး"

"သေးပေါက်ချင်တယ်"

သူရယ် ကျွန်တော်ရယ် ပန်းမြို့တော်ကြီးဝယ် (Completed)Donde viven las historias. Descúbrelo ahora