P_35 (Uni)

5.3K 660 248
                                    

"သီဟနိုင်ရေ... ဟေး သီဟနိုင်"

"အကိုသူရစိုး ကျွန်တော့်ကိုမေးရင် အမေ နေမကောင်းလို့ စစ်ကိုင်းခဏပြန်သွားတယ်လို့ ဖြေပေးနော်"

သီဟနိုင်ဆိုတဲ့ ခေါ်သံနဲ့အတူ ခြံတံခါးဖွင့်သံကိုပါ တစ်ဆက်တည်းကြားလိုက်ရတာကြောင့် ကျွန်တော့်ကလေးလေးမှာ ထိုင်နေရာကနေ ဝရုန်းသုန်းကား ထပြီး အပေါ်ထပ်ကို အမြန်ပြေးတက်တော့တယ်။

သီဟနိုင် အပေါ်ထပ်တက်ပြီး မကြာလိုက် ၊ နေလင်းတစ်ယောက် အိမ်ထဲကို ရောက်လာတယ်။

"ကိုသူရစိုး သီဟနိုင်ကရော"

"သြော် နေလင်း... သီဟနိုင်မရှိဘူး။ စစ်ကိုင်းခဏပြန်သွားတယ်"

"ခင်ဗျားတစ်ယောက်လုံး ဒီမှာရှိနေတာကို သူမရှိဘူးဆိုတာကို ကျွန်တော်က ယုံမယ်"

"တကယ်ပြန်သွားတာ သူ့အမေ နေမကောင်းလို့တဲ့"

"ညာတာ"

ပြောပြီး နေလင်းက အသံပြဲကြီးနဲ့ အော်ခေါ်တော့တယ်။

"သီဟနိုင် ၊ မင်းရှိမှန်း ငါသိတယ်နော်။ ထွက်မလာလို့ကတော့ ကိုသူရစိုးကို ဖက်နမ်းပစ်မှာ"

"......"

"အေး ထွက်မလာလို့ကတော့ တကယ် ဖက်နမ်းလိုက်မှာနော်"

"......"

"One"

"......"

"Two"

"ဘာတုန်း ဘာတုန်း ကဲ"

ပြောလည်းပြောရင်း အပေါ်ထပ်ကနေ မကြည်မဖြူနဲ့ ပြန်ဆင်းလာတဲ့ ကျွန်တော့်ကလေးလေး။ တကယ်ပါပဲ သူနဲ့သာ နှစ်ယောက်ပေါင်းပြီး လိမ်စားရလို့ကတော့ ကျွန်တော်ပဲ ထောင်ကျသွားမယ်ထင်တယ်။

"ဒီလိုပြောရင် မင်း ထွက်လာမယ်ဆိုတာ သိသားပဲ"

"အဲ့တော့ ဘာပြောချင်လို့တုန်း"

"အမယ် ၊ သူကလည်း အမှားလုပ်ထားသေးတယ်။ လေသံက မာမာထန်ထန်နဲ့ ၊ ပြောပါဦး။ ကိုဝဏ္ဏကို ဘာတွေသွားပြောတာတုန်း"

"အဲ့ဒါက... အဲ့ဒါကလေ ၊ အကိုသူရစိုး ကျွန်တော် အိမ်သာတက်ချင်လာပြီ"

ပြောပြီး အပေါ်ထပ်ကို ပြန်ပြေးတက်တယ်။ အဲ့လို မလုံမလဲဖြစ်နေတဲ့ သူ့ပုံစံကိုကြည့်ပြီး နေလင်းက တခွီးခွီး။ တကယ်ပါပဲ ဒီဟာလေးတွေနဲ့တော့။ တစ်ယောက်ကလည်း ပြောသမျှယုံသလို ကျန်တစ်ယောက်ကလည်း အဲ့ဒီအချက်ကိုပဲ အခွင့်ကောင်းယူပြီး လိုက်စနေတော့တာ။

သူရယ် ကျွန်တော်ရယ် ပန်းမြို့တော်ကြီးဝယ် (Completed)Donde viven las historias. Descúbrelo ahora