P_7 (Uni)

7.2K 958 175
                                    

"ဟာ သားရီး ပန်းသီးတခြမ်းပဲ့တွေဘာတွေနဲ့ပါလား"

"အင်း အကိုသူရက သူနဲ့ မကွေးကို အဖော်လိုက်ပေးလို့တဲ့ ဝယ်ပေးတာ"

"မိုက်တယ်ကွာ။ မင်းမြင်ပြီး ငါတောင် လင်ယူချင်စိတ်ပေါက်လာပြီ"

"ပေါက်မနေနဲ့။ မင်းက လင်ယူလဲ ငါလိုကံကောင်းမှာ မဟုတ်ဘူး"

"လင်းတ။ ငါ့ဆို ဘယ်တော့မှ အကောင်းမပြောဘူး။ ကျန်ရစ်ဖြစ်မှ ငမိုး သားကြီးဆိုပြီး လာမငိုနဲ့"

"ငိုစရာလား။ ပြီးတော့ ကျန်ရစ်ဖြစ်စရာလည်း ဘာအကြောင်းမှ မရှိဘူး။ အကိုသူရက ငါ့ကို မဟားတရားချစ်တာ"

ကျွန်တော် ပြန်ပြောတော့ ငမိုးက ခေါင်းကိုယမ်းတယ်။

"ကျွတ်!ကျွတ်!ကျွတ်!ကျွတ်! သားလေးသီဟ အရင်ဆုံး အပြင်ကို သွားကြည့်လိုက်ပါဦးလား။ အပြင်မှာ မင်းလင်ကြီး ရောက်နေပြီ။ ဘေးမှာလဲ စော်လေးတစ်ပွေနဲ့"

"အပိုတွေ လာလုပ်မနေနဲ့။ အခုမှ အစောကြီး ရှိသေးတာကို ဘယ်လိုလုပ် အကိုသူရက ရောက်ဦးမှာလဲ"

"ဟရောင် အတည်ပြောနေတာကွ။ သွား။ မယုံရင် သွားကြည့်ချေ။ ပြီးရင်တော့ ငိုပြီး ပြန်ဝင်မလာနဲ့။ မင်းဖေဖေ ငါက မနှစ်သိမ့်တတ်ဘူး။ ဟုတ်ပြီလား"

အတည်ပေါက်ကြီးနဲ့ ပြောနေတဲ့ ငမိုးကြောင့် ကျွန်တော် တစ်ချက်တော့ ရင်ထိတ်သွားမိတယ်။ အကိုသူရက စော်လေးတစ်ပွေနဲ့တဲ့လား။ မဖြစ်ဘူး။ ကျွန်တော် ပြင်ဦးလွင်မှာ ကောင်းကောင်းတောင် မနေရသေးဘူးလေ။ အဲ့တော့ သူ အသစ်ရလို့ လုံးဝမဖြစ်ဘူး။

အဲ့ဒါကြောင့် ကျွန်တော် အတန်းထဲကနေ မြန်မြန်လစ်ပြီး ကျောင်းအပြင်ကို ထွက်လာခဲ့လိုက်တယ်။ ငမိုးပြောတာ ဟုတ်လို့ကတော့ အကိုသူရ ခင်ဗျား သေဖို့သာပြင်ထားပေတော့။

----------***----------

ဒီနေ့ သောကြာနေ့မို့ ကျွန်တော် ကလေးကို ကျောင်းလာကြိုဖြစ်တယ်။ ကျောင်းရှေ့ရောက်တော့ အချိန်က စောနေသေးတာနဲ့ ကျောင်းရှေ့ကအအေးဆိုင်မှာ ဝင်ထိုင်လိုက်ပြီး သီဟအလာကို စောင့်နေလိုက်တယ်။

သူရယ် ကျွန်တော်ရယ် ပန်းမြို့တော်ကြီးဝယ် (Completed)Tempat cerita menjadi hidup. Temukan sekarang