ဘေးမှာ သီဟနိုင်မရှိတဲ့အတွက် ကျွန်တော် အစောကြီး နိုးလာတယ်။ အပြင်မှာလည်း မှောင်နေသေးတာကြောင့် ဘယ်အချိန်ရှိပြီလဲလို့ ဖုန်းကိုဖွင့်ကြည့်လိုက်တော့ တအံ့တသြဖြစ်ရတယ်။ ကျွန်တော့်ဖုန်းရဲ့ မက်ဆေ့ဂျ်များဆိုတဲ့နေရာမှာ (99+)တဲ့။ ကျွန်တော့်ကို မက်ဆေ့ဂျ်ပို့မယ့်လူလည်း တစ်ယောက်မှမရှိပါဘူး။ ဘယ်လိုလုပ် (99+)ဖြစ်နေရတာပါလိမ့်။ စိတ်ရှုပ်ထွေးစွာနဲ့ ကျွန်တော်ဝင်ကြည့်လိုက်တယ်။
ဟမ်!! သီဟနိုင်ဆီကပါလား။ သူ ကျွန်တော့်ကို တစ်ခါမှ sms မပို့ဖူးပါဘူး။ အခုပို့ထားတာကလည်း (99+)တဲ့။ သူ တစ်ခုခုဖြစ်လို့များလား။ မဖြစ်နိုင်ဘူး။ သူသာ တစ်ခုခုဖြစ်တယ်ဆိုရင် ကျွန်တော့်ကို ဖုန်းဆက်မှာပေါ့။
သီဟနိုင် ဘာတွေများ ပို့ထားတာလဲဆိုတာကို စိတ်ဝင်စားစွာနဲ့ ကျွန်တော် ဝင်ကြည့်လိုက်တယ်။ ပို့ထားတဲ့ အစောင်ရေက အတော်လေးကို များပြားတာမို့ ဟိုးအထက်ကို အတော်လေးပြန်ဆွဲပြီး ကြည့်ရမှာဖြစ်တယ်။
ဟိုးအထက်ထိ ပြန်မဆွဲခင်မှာ သူ နောက်ဆုံးပို့ထားတဲ့ စာကြောင်းလေးကို မနေနိုင်စွာနဲ့ ကျွန်တော်က ဖတ်ကြည့်လိုက်တယ်။
🗨ချစ်တယ် အကိုသူရ❤
"!!!!!"
သူ.. သူ.. ဘာပြောထားတာလဲ ? ချစ်တယ် ? သီဟနိုင်က ကျွန်တော့်ကို ချစ်တယ် ?
ကျွန်တော် မယုံနိုင်စွာနဲ့ အခေါက်ခေါက်အခါခါ ပြန်ဖတ်မိတယ်။
🗨ချစ်တယ် အကိုသူရ❤
🗨ချစ်တယ် အကိုသူရ❤
🗨ချစ်တယ် အကိုသူရ❤ရုတ်တရက် ကျွန်တော် သူ့အသံလေး ကြားချင်လာတယ်။ ဒါပေမယ့် မဖြစ်။ အခုမှ မနက်အစောကြီး ရှိသေးတာမို့ ဒီအချိန် ဖုန်းဆက်ရင် ကျွန်တော့်ကလေးလေး အိပ်ရေးပျက်သွားလိမ့်မယ်။
ကျွန်တော် သူပို့ထားတဲ့စာတွေဖတ်ဖို့ ဟိုးအထက်ကို ဆွဲပြီး သွားလိုက်တယ်။ ကျွန်တော့်ကလေးလေး ဘာတွေများ ပို့ထားလေသလဲ?
🗨အကိုသူရရေ
🗨ဒီနေ့တော့ စစ်ကိုင်းမှာ မိုးအုံ့နေတယ်။ မိုးအုံ့နေတော့ နေရတာ ပြင်ဦးလွင်လိုလို ဘာလိုလိုနဲ့ တကယ် နေလို့ကောင်းပဲ