Final-2 (Uni)

7.7K 740 225
                                    

"ကဲ ကဲ လူစုံပြီလား။ နှစ် ၊ လေး ၊ ခြောက် ၊ ရှစ် ၊ ဆယ် ၊ ဆယ့်နှစ် ၊ ဆယ့်လေး ၊ ဆယ့်ခြောက် ၊ ဆယ့်ရှစ် ၊ OK အကုန်စုံပြီ ၊ ဒါဆို စထွက်ကြစို့"

ဇာနည်နဲ့ မမစံပယ်တို့ရဲ့ မင်္ဂလာပွဲကို အကြောင်းပြုပြီး အမှတ်တရအနေနဲ့ အကိုသူရစိုးရဲ့ သူငယ်ချင်းတွေနဲ့ ကျွန်တော့်သူငယ်ချင်းတွေနဲ့ ပေါင်းပြီး ပြင်ဦးလွင့်မှာ လျှောက်လည်ကြမှာဖြစ်တယ်။ ပြီးတော့ ကျွန်တော့်သူငယ်ချင်းတွေက ဆိုင်ကယ်နဲ့လာကြတာမို့ အခု ဒီမှာလည်း ဆိုင်ကယ်တွေနဲ့ပဲ လျှောက်လည်ကြဖို့ ဆုံးဖြတ်လိုက်ကြတယ်။

"နေလင်းနဲ့ ဝဏ္ဏက ဘာကိစ္စ ဆိုင်ကယ် တစ်ယောက်တစ်စီးစီ ဖြစ်နေရတာတုန်း။ သွား နေလင်း ဆိုင်ကယ်ထားခဲ့။ မင်း ဝဏ္ဏနောက်ကနေလိုက်"

"ဟင် မလိုက်ချင်ဘူး"

"အဲ့ဒါဆို ဝဏ္ဏ ၊ မင်းဆိုင်ကယ်ကို ဒီကောင် သူရတို့အိမ်မှာ ထားခဲ့ပြီး မင်း နေလင်းနောက်ကနေလိုက်ခဲ့"

"OK"

အတိုင်အဖောက်ညီနေကြတဲ့ ကိုနေမျိုးနဲ့ ကိုဝဏ္ဏတို့ကိုကြည့်ပြီး ကိုနေလင်းက စူပုတ်ပုတ်ပဲ...

"ကိုနေမျိုး... ကိုယ့်ညီကို သူငယ်ချင်းနဲ့ ဒီလိုပဲ လွှတ်ပေးတယ်ပေါ့"

"မဟုတ်ပါဘူး နေလင်းရာ ၊ ငါက ဆီအပိုကုန်မှာစိုးလို့ပါ"

"သြော်... သြော်... ဒါက ညီကို တွေးပေးတာပေါ့လေ။ ထားပါတော့။ ကိုဝဏ္ဏ ခင်ဗျားဆိုင်ကယ် ယူခဲ့။ ကျွန်တော် အနောက်ကပဲလိုက်မယ်"

"အင်း။ ဖြစ်တယ်"

"ကဲ ကဲ ဒါဆို စထွက်ကြစို့"

ကိုနေမျိုးရဲ့ ဆော်လောသံ ဆုံးတာနဲ့ ကျွန်တော်တို့အားလုံးက ဆိုင်ကယ်ကိုယ်စီကို စက်နှိုးလို့ စတင်ထွက်ခွာကြတယ်။

ဒီတစ်ခါတော့ ကျွန်တော်တို့က ရေပျံတောင်ကို သွားကြဖိို့ ဆုံးဖြတ်ထားကြတာ ဖြစ်ပါတယ်။

ရေပျံတောင်ရေတံခွန်က အဆင့်(၇)ဆင့်ရှိပြီး တစ်ဆင့်နဲ့တစ်ဆင့် သွားရတဲ့ ခရီးလမ်းဟာလည်း အလွန်ကြမ်းတမ်းသလို အတက် ၊ အဆင်းလမ်းဟာလည်း အတော်လေးမတ်စောက်တာကြောင့် လူသူအပေါက်အရောက် အလွန်နည်းပါးတယ်။ အင်း။ တကယ်တော့ ကျွန်တော်လည်း အခုမှ ရောက်ဖူးမှာရယ်။ အကိုသူရတို့ကတော့ ရောက်ဖူးတာပေါ့လေ။ သူတို့က မြို့ခံတွေကိုး။

သူရယ် ကျွန်တော်ရယ် ပန်းမြို့တော်ကြီးဝယ် (Completed)Donde viven las historias. Descúbrelo ahora