ep-6

2.5K 170 2
                                        

ကျန့်ကျန့် ဖက်ထုပ်ကောင်ခေါ်သံကြောင့်မော်ကြည့်လိုက်တော့ ဖက်ထုပ်ကောင်ရဲ့နဖူးမှာ အဘုတစ်ဘု၊
ခန္ဓာကိုယ်ပေါ်မှာလည်း ဖုန်နဲ့သဲတွေကပ်လို့နေ၏။
လက်မှာလည်းပြတ်သွားသည့် ဖိနပ်တစ်ဖက်ကို ကိုင်ထားပြီးကျန်ဖိနပ်တစ်ဖက်ကိုလည်း တံတောင်ဆစ်မှာစွပ်ထားပြန်သည်။

ဖက်ထုပ်ကောင်က သူ့အားတစ်ခုခုပြောချင်နေသည့်ပုံပေါက်နေသော်လည်း အခုချိန်မှာ သူတစ်ယောက်တည်းသာ နေချင်သည်။ထို့ကြောင့် စစ်စတာ အားတစ်ယောက်တည်း နေချင်ကြောင်းပြောတော့ စစ်စတာက ဖက်ထုပ်ကောင်လက်အား ဆွဲကာထွက်သွားသည်။ ဖက်ထုပ်ကောင်ကမူ မလိုက်ချင်ပုံနဲ့ခဏခဏ လှည့်ကြည့်လို့ပါသွားရှာသည်။ အခန်းထဲတွင်တစ်ယောက်မှ မရှိတော့မှ ကျန့်ကျန့်တစ်ယောက်မားမားအား တကာအော်ငိုမိ​ေတာ့သည်။

အခန်းထဲတွင် ငိုနေသော ကလေးတစ်ယောက်ရှိသလို အပြင်ဘက်တွင်လည်း သူ့bao baoငိုသံကိုကြားကာ လက်သီးတင်းနေအောင်ဆုပ်ကာ အသံမထွက်ဘဲမျက်ရည် တွေကျဆင်းနေသောကလေးလေးတစ်ယောက်ရှိသည်။ ထို ကလေးလေးစိတ်ထဲတွင်မူ ဘယ်တော့မှ သူ့bao baoမျက်ရည်မကျအောင် လုပ်ပေးမည်ဟုတွေးမှတ်ထားသည်။

ကျန့်ကျန့် အားရအောင် အော်ငိုပြီးနောက် ဆေးပေးခန်းမှ ထွက်လာပြီး မားမားကို သဂြိုလ်ထားသော အုတ်ဂူနေရာလေးသို့သွားကာအရိုအသေပေးသည်။

မားမားရဲ့အုတ်ဂူဘေးတွင်ထိုင်ချကာ မားမားကိုမည်မျှလွမ်းကြောင်း ပြောနေမိသည်။သူထိုနေရာတွင် မည်မျှထိုင်နေမိကြောင်းပင်မသိတော့ချေ။

ပတ်ဝန်းကျင်ကတိမ်လွှာတိမ်လိပ်များ အုပ်ဆိုင်းလာပြီး မိုးဖွဲလေးများပင်ကျဆင်းလာသည်။သို့သော် သူ့ကိုယ်ပေါ်သို့ မိုးစက်များကကျလာခြင်းမရှိပေ။

ခေါင်းကို ဒူးပေါ်တင်ထားရာမှအနည်းငယ် မော့ကြည့်လိုက်သောအခါ ဖိနပ်မရှိတဲ့ခြေတုံးလုံးနဲ့ ခြေထောက်တုတ်တုတ်လေးကို အရင်ဆုံးမြင်ရသည်။ဆက်ပြီး မော်ကြည့်လိုက်တော့ ထီးအဝါလေးကိုင်ထားသော ဖက်ထုပ်လုံးက သူ့အားငုံမိုးပြီး ထီးဆောင်းပေးနေသည်။

Ai Ni, Bao Bao(completed)Where stories live. Discover now