ရှောင်းကျန့် သူ့ရှေ့က ကလေးအားကြည့်နေမိပြီး အတွေးတို့ကဝင်လာတော့သည်။ သူ့အား bao baoဟုခေါ်နေရအောင် ဒီကလေးအသက်က သူ့ထက်လည်းငယ်သည်။
မဟုတ်မှလွဲရော... ဒီကလေး ဦးနှောက်ထဲရေဝင်သွားတာလားဟု ရှောင်းကျန့်ကလေးပီပီတွေးလိုက်ရင်း ရှေ့ကထိုင်နေသောအကောင်ပေါက်ရဲ့ခေါင်းလေးအား ကိုင်ရင်း လှုပ်ရမ်းမိတော့သည်။
ဖက်ထုပ်လုံးက သူ့ခေါင်းအား ကိုင်လှုပ်နေခြင်းကြောင့် မူးနောက်လာသည်ထင်သည် သူ့အား ေအာ်ဟစ်လာပါတော့တယ်။
''အား....bao bao ဘာလုပ်တာလဲလို့...မူးနောက်နေတာဘဲ သားဦးနှောက်ချောင်သွားရင် bao baoတာဝန်ယူရမှာနော်...''
''ဒီကလေး....လူကို ငါမင်းထက်အသက်ကြီးတယ်
ဘာ bao baoလဲ..''အဲ့အချိန်မှာ မားမားနဲ့စစ်စတာတေအခန်းထဲဝင်လာ
ကြတော့ ကျန်ကျန့်လည်း ဖက်ထုပ်လုံး၏ ခေါင်းအား ကိုင်ထားမှုအားလွှတ်ပြီး မားမား၏အနောက်သို့လျှောက်သွားလိုက်သည်။ဖက်ထုပ်လုံးကမူ ကျန့်ကျန့်ကိုသာလိုက်ကြည့်နေလေသည်။မားမားကမူ ကျန့်ကျန့်နဲ့ဖက်ထုပ်လုံးအားကြည့်ကာ
ပြုံး၍ခေါင်းခါနေလေ၏။စစ်စတာ ကြီးက ဖက်ထုပ်လုံးဘေးတွင် သွားထိုင်ကာ ဖက်ထုပ်လုံး၏ခေါင်းကိုပုတ်ပေးတော့
သူ့ခေါင်းအား လာပုတ်သည်ကိုမကြိုက်သလိုပုံစံဖြင့်မျက်မှောင်ကြီးကျုတ်ကာ ခေါင်းအားအနောက်ကို
အနည်းငယ်ဆုတ်သွားသည်။ စစ်စတာက တော့ ဒီကလေး ချေလိုက်တာဟုတွေးမိပြီး ပြုံးနေပြီးမှ_''သားသား လှေပေါ်ကိုဘယ်လိုရောက်နေတာလဲသား စစ်စတာတို့ကို ပြောပြနော်''
''...........''
ဖက်ထုပ်လုံးကဘာစကားမှမပြောဘဲဒီတိုင်းကြည့်နေသည်။စစ်စတာကလည်း ထပ်ပြီးတော့
''သား..... မားမားရော ဘယ်မှာလဲသားသိလား''
''.........''
ထိုအခါမှ ဖက်ထုပ်လုံး က မျက်ရည်ဘူးသီးလုံးကြီးတွေကျလာကာ အော်ငိုလာတော့သည်။
''မားမားက.... ဘယ်ရောက်သွားတာလဲ
မားမား.........အဟင့် ''စစ်စတာကထပ်မေးသည်

ESTÁS LEYENDO
Ai Ni, Bao Bao(completed)
Fanfictionဝေါ်အိုက်နီ ပေါင်ပေါင်♥. ဝေါ်အိုက်နီ ပေါင်ပေါင်♥. start-14.3.2022 end-22.6.2022