Bမြို့၏လမ်းမပေါ်တွင် ကားတစ်စီးက အလွန်လျင်မြန်စွာဖြတ်သန်းမောင်နှင်လာ၏ ကားပေါ်တွင်ပါလာသော မိသားစုလေး၏ မျက်နှာထက်တွင်မူ စိုးရိမ်ကြောင့်ကြနေသော မျက်နှာများနှင့်ပျက်နှက်နေကာ နောက်တွင်လည်း ကားတစ်စီးကထက်ကြပ်မကွာလိုက်ပါလို့လာသည်။
ဝမ်ဟိုက်ခွမ်းတစ်ယောက် ကားပေါ်တွင်အတူလိုက်ပါလာသော ဇနီးနှင့်သားအား ရင်နာစွာဖြင့်
ကြည့်မိပြီးနောက် ဟိုက်ခွမ်း ၏အတွေးများသည်လည်းအတိတ်ကာလသို့ခတ္တခဏပြန်ရောက်ရှိသွားသည်။ဝမ်ဟိုက်ခွမ်းနှင့်ချင်းရီတို့ အထက်တန်းတက်စဉ် အတူတွေ့စဉ်ခဲ့ကြပြီးချစ်သူဖြစ်ခဲ့ကာ အထက်တန်းပြီးဆုံးပြီး တက္ကသိုလ်တက်ရမည့်အချိန်တွင်လည်း အတူတက်ရောက်ခဲ့ကာ တက္ကသိုလ်နောက်ဆုံးနှစ်တွင် ချင်းရီ၏ အဒေါ်ဖြစ်သူက ချင်းရီအား သူဌေး တစ်ယောက်နှင့် အတင်းလက်ထပ်ရန်စီစဉ်ပေးသည်။ ထိုကြောင့်သူတို့နှစ်ယောက် ခိုးပြေးကာ လက်ထပ်ခဲ့ကြပြီး ဟိုက်ခွမ်း၏မိဘများကမူ သဘောတူကြည်ဖြူသော်လည်း ချင်းရီ၏အဒေါ်ကမူ အဆက်အသွယ်ဖြတ်ခဲ့သည်။
ဟိုက်ခွမ်း၏မိဘနှစ်ပါးမှာလည်း ဟိုက်ခွမ်းနှင့်ချင်းရီ တို့အိမ်ထောင်သက် တစ်နှစ်တွင်ရှေ့စဥ့်နောက်စဥ့်ကွယ်လွန်ခဲ့သည်။ ဟိုက်ခွမ်းလည်း အစိုးရဝန်ထမ်းကျောင်းဆရာဖြင့် ဝင်ရောက်လုပ်ကိုင်ခဲ့ပြီးအိမ်ထောင်သက်သုံးနှစ်ကြာပြီးနောက် မိမိတို့တွင် ပါးဖောင်းဖောင်းမျက်ပေတုံးနှင့် အလွန်ချစ်စရာကောင်းသော သားလေးတစ်ယောက်အား ရခဲ့သည်။
သားသားနာမည်က ရိပေါ်ပေါ်ဟုပြန်ပြောတတ်သော သားလေး ၏အသက် ငါးနှစ်ပြည့်ပြီးနောက် အဆက်အသွယ်ဖြတ်သွားသော ချင်းရီ၏အဒေါ်မှာ ချင်းရီဆီသို့ပြန်ရောက်လာသည်။
ချင်းရီ၏ အဒေါ်ဖြစ်သူက လောင်ကစားသမားများနှင့်ပေါင်းကာ အလွန်အသုံးအဖြုံး များ၏ ။
တစ်နေ့ ဟိုက်ခွမ်းေကျာင်းမှပြန်ရောက်လာသည့်အချိန်တွင် ချင်းရီတို့သားအမိ က ခါတိုင်းသူပြန်လာသည့်အချိန်တိုင်းကဲ့သို့ အိမ်ရှေ့တွင်ကြိုနေ၏။ ချင်းရီ၏ မျက်နှာမှာမူ ခါတိုင်းနှင့်မတူ ညိုးငယ်စွာရှိေနသည်။

ESTÁS LEYENDO
Ai Ni, Bao Bao(completed)
Fanfictionဝေါ်အိုက်နီ ပေါင်ပေါင်♥. ဝေါ်အိုက်နီ ပေါင်ပေါင်♥. start-14.3.2022 end-22.6.2022