ep-11

1.8K 132 4
                                    

ရိပေါ်တစ်ယောက် ငိုနေတုန်းbao baoကတံခါးဖွင့်ပြီးပြန်ဝင်လာသည်။bao baoအားမျက်နှာချင်းမဆိုင်ဝံ့တာကြောင့် ကျောပေးကာလှဲနေလိုက်၏။
bao baoကကုတင်နားလျှောက်လာသံကို ကြားနေရ
ပြီးစားပွဲခုံပေါ်သို့ တစ်ခုခုတင်လိုက်သံကိုလည်း ထပ်မံကြားရပြန်သည်။ထို့နောက် အခန်းထဲမှပြန်ထွက်သွားပြန်သည်။ဘယ်လောက်မှမကြာ အခန်းတံခါးဖွင့်သံကြားရပြန်သည်။

တစ်ကယ်ပဲ ဒီbao baoတစ်ယောက် ဝင်လိုက်ထွက်လိုက်နှင့် ဘာတွေလုပ်နေမှန်းကိုမသိဘူး။ရိပေါ် အနောက်လှည့်ကြည့်ချင်သော စိတ်ကို ကြိတ်မှိတ်ကာသည်းခံနေရသည်။

''အဟမ်း.....ဝမ်ရိပေါ်မအိပ်သေးဘူးမလား
ငါ.... ငါ စောစောကအပြင်ထွက်တုန်းက တီလေးက
မင်းညနေက..... ဘာမှသိပ်မစားဖြစ်လို့တဲ့.....ဆန်ပြုတ်ပေးခိုင်းလိုက်တယ်......တီလေးက''

ချက်ချင်းဆိုသလို ရိပေါ်ငုတ်တုပ်ထထိုင်လိုက်သည်။ပြီးတော့ bao baoကိုစူးစိုက်ကြည့်လိုက်သည်။

တစ်ခဏတွင်းချင်းမှာဘဲ ဝမ်ရိပေါ်၏မျက်နှာကရုတ်ချည်းပြောင်းလဲသွားပြီး သူ့ပါးဖောင်းဖောင်းကြီးကို တစ်ဖက်စောင်းကာပြုံးလိုက်သည်။ဒီ
bao baoဟာလေ မလိမ်တတ်ဘဲ လိမ်နေပြန်ပြီ။

ဒီအချိန်ဆို တီလေးက ဝတ်ပြုနေလောက်ပြီဖြစ်သည်။ရိပေါ်တစ်ယောက် ပီတီတီမျက်နှာဖြင့်
ဆန်ပြုတ်ပန်းကန်အား ယူကာအားရပါးရစားလိုက်ပြီး သူ့မျက်ရည်တွေကလည်းထပ်မံ၍ဝဲလာသည်။
သေချာတာက ဆန်ပြုတ်လက်ရာက တီလေးလက်ရာမဟုတ်ဘဲ bao baoလက်ရာပင်ဖြစ်သည်။

ရှောင်းကျန့်တစ်ယောက် ရှေ့ကဆန်ပြုတ်အား အားရပါးရယူစားနေသောကောင်လေးအားကြည့်ကာဒီကောင်လေး အတော်ဗိုက်ဆာနေတာ​ြဖစ်လိမ့်မယ် တေွး​နေရင်း မကြာမီဘဲ ဆန်ပြုတ်အားရပါးရစားနေသောဖက်ထုပ်ကောင်၏ မျက်ရည်များကဝဲလာပြန်သည်။ကြည့်ရတာ ဒဏ်ရာကအရမ်းနာနေလို့ဖြစ်လိမ့်မည်။

''ဖက်ထုပ်လေး.....ဒဏ်ရာက အရမ်းနာနေလား''

''ဟင်.....ဟုတ်....ဟုတ်တယ် bao bao သားဒဏ်ရာ
အရမ်းနာတာဘဲ bao baoကခံွကျွေးပါလား''

''အင်း.....​ဖက်ထုပ်လေးကို ကောကခံွ​ေကွျးမယ်နော်''

ရေှာင်းကျန့်ဖက်ထုပ်လေးအား တစ်ဇွန်းချင်းစီ
သေချာမှုတ်ကာ ခံွကျွေးတော့ ဖက်ထုပ်လေးကငယ်ငယ်ကအတိုင်းလက်ခုပ်လေးတီးကာ ပြုံးပျော်နေ၏။

Ai Ni, Bao Bao(completed)Where stories live. Discover now