ep-17

1.7K 122 8
                                    

ဝမ်ရိ​ေပါ်ရဲ့ ပထမဆုံးအချစ်က သူ့ရဲ့ရှေ့မှာရှိနေသည်။ ေလတိုက်တိုင်းစိတ်လှုပ်ရှားနေတဲ့အရွယ်မှာ သူတကယ့်ကိုဒီအချစ်ကိုမယုံစားရဲဘူး။သို့သော် အနမ်းတစ်ပွင့်ကြောင့် အချစ်ကို လက်ခံလိုက်ရသည်။ဘဝရဲ့အချစ်ဦးက အစ်ကိုတစ်ယောက်လို ချစ်မြတ်နိုးတဲ့လူဖြစ်ခဲ့သည်။

သူ့အရှေ့ကလူကတော့ သူ့အားအရက်မူးနေသောမျက်နှာရဲရဲလေးဖြင့် ဖြူစင်စွာရယ်ပြနေခဲ့သည်။
ထိုမျက်နှာလေးအား အမြတ်တနိုးငေးမောမိသည်။

သေချာကြည့်မည်ဆိုလျှင် bao baoရဲ့မျက်ဝန်းထဲမှာ ကြယ်လေးတွေတောက်နေတာကိုမြင်ရလိမ့်မည်။ bao baoရဲ့ဘယ်အစိတ်အပိုင်းမဆိုက လှပလွန်းသည်။သူဒီလူသားကို ဝှက်ထားချင်စိတ်က
မမှားဘူး ထင်သည်။

သူ့ရှေ့ကလူနဲ့ စက္ကန့်မှ မိနစ်၊ မိနစ်မှ နာရီ၊ နာရီမှ ရက် ၊ ရက်မှ လ၊လမှနှစ်တွေအကြာကြီးအထိ အတူနေထိုင်သွားချင်သည်။

သို့ပေမဲ့ သူ့ရင်ခုန်သံတွေက တစ်ချိန်ချိန်မှာပျောက်ကွယ်သွားရင် ဆိုတဲ့အတွေးတွေကဝင်လာခဲ့သည်။ပြီးတော့ bao baoကသူ့အား ညီလေးတစ်ယောက်အဖြစ်သာမြင်လိမ့်မည်။ ကျွန်တော်ရဲ့အချစ်တွေ
ရင်ခုန်သံတွေကို ဒီလောက်နဲ့ဘဲသိုဝှက်ထားလိုက်မည်။သွယ်ဝှက်မထားနိုင်တဲ့​တစ်နေ့ ကျွန်တော်အချစ်တွေ ဒီထက်ပေါက်ဖွားလာရင် bao bao
ခင်ဗျားကို အလွတ်မပေးတော့ဘူး။

တစ်ဖန် bao baoအားကြည့်လိုက်တော့ အကျီ်ဝတ်ပြီးသော်ငြားလည်း စိုနေတဲ့ဘောင်းဘီက မလဲရသေးပေ။

''bao bao''

''အင်း ပေါ်ပေါ်''

''bao bao ဘောင်းဘီကိုယ့်ဘာသာ လဲလို့ဖြစ်တယ်မလား''

''ပေါ်ပေါ်က မလဲပေးဘူးလား bao baoက ပေါ်ပေါ်လဲပေးတာဘဲလိုချင်တာ''

bao baoနဲ့တော့ ခက်လှချည်ရဲ့။ ဒီကကောင်က ခင်ဗျား အပေါ်မရိုးသားစိတ်တွေဖြစ်နေတာဗျ။
အဲ့တာကို ခင်ဗျားက ဘာလို့ကျားခံတွင်းထဲ ခုံဆင်းချင်နေရလဲ ။

''မရဘူး bao bao ခင်ဗျားမငယ်တော့ဘူး ကိုယ့်ဘာသာလဲ ''

''မအော်ပါနဲ့လို့ ကိုယ့်ဘာသာလဲပါမယ် ပေးဘောင်းဘီ''

Ai Ni, Bao Bao(completed)Donde viven las historias. Descúbrelo ahora