ep-41 (end)

2.6K 105 2
                                    

''bao bao ဒီကလေးက........''

''အာ..... ငါမင်းကိုမိတ်ဆက်ပေးမယ် သူက ငါ့သားလေး''

ဝမ်ရိပေါ် bao baoစကားကြောင့် မယုံကြည်နိုင်ဖြစ်သွားသည်။ ပြီးတော့ သူ့အတွေးထဲမှာ ပေါ်လာသည်က သူတို့ရဲ့ မဂ်လာဉီးညက အဖြစ်အပျက်ကို ။ ​ပြီးတော့..... ပြီးတော့ ဒီကလေးကလည်း အလွန်ဆုံးရှိ ခြောက်လ သားလောက်သာ ရှိသေးသည်။

ကလေးကလည်း သူနဲ့ တူနေသည်။ ေဖာင်းနေတဲ့ ပါးကြီးက သူ့အတိုင်းပင်။ ဒါ....ဒါဆို bao bao က ဒီကလေးကို...... ။

ဝမ်ရိပေါ်က ရှောင်းကျန့်ကို စုံခြည်ဆန်ခြည် ကြည့်လာကာ မျက်နှာကြီးရဲတွတ်လာသည်။ သူက တစ်ကယ့်ကို အသုံးမကျတဲ့ ခင်ပွန်း တစ်ယောက်ပါလား။ bao baoတစ်ယောက်တည်း ဘယ်လောက်တောင် ခက်ခဲလိုက်မလည်း။

''bao bao ကျွန်တော်တောင်းပန်ပါတယ် ''

''ဘာဖြစ်လို့လဲ လောင်ဝမ်''

ရှောင်းကျန့် တစ်ယောက် ဝမ်ရိပေါ်ရဲ့ တောင်းပန်မှုကြောင့် နားမလည်နိုင်စွာပြန်မေးလိုက်သည်။

''bao bao ရာ ကျွန်တော်က တာဝန်မကျေတဲ့ ခင်ပွန်းသည် ဘဲ bao bao တစ်ယောက်တည်း ဒီအကောင်ပေါက် ကိုမွေးထားရတာ ပင်ပန်းမှာပေါ့ ''

''................''

''bao bao ကိုယ်လေးလက်ဝန် ရှိနေချိန်မှာ အနားမှာမရှိပေးနိုင်...''

''ဒေါက် ''

ဝမ်ရိပေါ်ရဲ့ စကားမဆုံးခင် ခေါင်းပေါ်သို့ bao baoရဲ့ လက်ဆစ်နုနုလေးဖြင့် အခေါက်ခံလိုက်ရပါတော့သည်။

''bao bao ဘာလို့ ခေါက်တာလဲ''

ဝမ်ရိပေါ်က နာသွားသော ခေါင်းကိုအသာပွတ်ကာ ငိုမဲ့မဲ့ဖြင့်မေးသည်။ ထိုသည်ကို မြင်သွားသော bao bao လက်ထဲမှ အကောင်ပေါက်က တခစ်ခစ်ဖြင့် ထရယ်တော့သည်။

''အေး မင်း ပေါက်တကရတွေ ပြောလို့ခေါက်တာလေ''

''.............''

''မင်းလင် ငါက အထီးကြီး ဆိုတာသတိရအုန်း ''

''မင်းက လေ တာဝန်ထမ်းဆောင်ရင်း ခေါင်းထိသွားတာလား ကိုယ်ထင်ရာမြင်ရာ လျှောက်ပြောနေတယ် အခုမှ အိမ်ရောက်ရုံရှိသေးတယ် ''

Ai Ni, Bao Bao(completed)Where stories live. Discover now