သာယာသော မနက်ခင်းလေးမှာ ဒေါက်တာရှောင်းကတော့ ညက night dutyဆင်းရသော်လည်း
မနက်ပိုင်းတွင်လွန်စွာ တက်ကြွနေသည်။ ချစ်သူ ရည်းစားထားပြီးသူတိုင်း မှာပထမဆုံးလုပ်ကြသည်ကချိန်းတွေ့ကြသူက များကြသည်။ သူနှင့် ဝမ်ရိပေါ်တို့ကတော့ သမီးရည်းစားဖြစ်တာ 1လကျော်သည်အထိ dateမလုပ်ရသေးပေ။ဒီနေ့က ရှောင်းကျန့်တို့နှစ်ယောက်ရဲ့ ပထမဆုံး dateလေး။ နှစ်ယောက်လုံး အားလပ်မည့်အချိန်ကိုညှိရင်းနဲ့ဘဲ တစ်လကျော်သွားခဲ့သည်။နောက်ဆုံးတော့ ေရှာင်းကျန့် first dateလေးသွားရတော့မည်။ ဝမ်ရိပေါ်က နေ့လယ်ပိုင်းမှ လာခေါ်မည်ကြောင့် သူ့မှာ skin careလို့ရသေးသည်။ ပြီးတော့ ဝမ်ရိပေါ်နဲ့က အခုတလော နှစ်ယောက်လုံးမအားတာကြောင့် မတွေ့ရသည်မှာ နှစ်ပတ်ပင်ရှိပြီ။ ဝမ်ရိပေါ်ကလည်း အိမ်မပြန်ဖြစ်သလို သူ့မှာလည်းအရေးကြီး လူနာ caseတွေကြောင့် ဆေးရုံမှာဘဲ အနေများတာကြောင့်ဖြစ်သည်။
ချစ်ရသူနှင့် first dateလေးလုပ်မည့် ဒေါက်တာ လေးတစ်ယောက် skin careနေရင်းမှ ဖုန်းဝင်လာသောကြောင့် ဖုန်းကိုင်လိုက်သည်။ ဖုန်း contact
name က 'လောင်ဝမ် 'တဲ့။ ပျော်ရွှင်စွာဖြင့် ဖုန်းအား
accept လုပ်လိုက်သည်။''bao bao''
''အင်း ရိပေါ်''
''ကျွန်တော်...... ''
''ပြောလေ ရိပေါ်''
''ကျွန်တော် ဒီနေ့မလာနိုင်တော့ဘူး bao bao''
ရှောင်းကျန့်ရဲ့ ပျော်ရွှင်နေသော စိတ်အစုံက အရောင်မှိန်ကျသွားသည်။
''ကျွန်တော် ဒီနေ့ အရေးပေါ် mission ပေါ်လာလို့ bao bao ကျွန်တော် အရမ်းနောက်ကျမယ်ထင်တယ်''
''...............''
''bao bao တောင်းပန်ပါတယ်''
''မလိုပါဘူး ရိပေါ် အလုပ်ကိစ္စဘဲကို ကောက နားလည်ပေးရမှာပေါ့ တကယ်တော့ ကောလည်း ဒီနေ့ မအားဘူးရိပေါ် အခုဘဲဖုန်းဆက်မလို့လုပ်နေတာရိပေါ်ဆီကို ''
''အာ.....ဟုတ်လား နောက်နေ့ ကျွန်တော်တို့ သေချာပေါက် dateကြမယ်''
''အင်းပါ ရိပေါ်ရဲ့ ဂရုစိုက်နော် ဒဏ်ရာမရစေနဲ့''
''ဟုတ်ကဲ့ပါဗျ ချစ်တယ်''
CZYTASZ
Ai Ni, Bao Bao(completed)
Fanfictionဝေါ်အိုက်နီ ပေါင်ပေါင်♥. ဝေါ်အိုက်နီ ပေါင်ပေါင်♥. start-14.3.2022 end-22.6.2022