ep-28

1.3K 107 10
                                    

Aမြို့ရဲ့ လူစည်ကားဆုံးပန်းခြံကြီးမှာတော့ ကောင်လေးနှစ်ယောက်က ဆင်တူအကျီ်လေးတွေဝတ်ကာ
လက်ချင်းတွဲ လမ်းလျှောက်လာကြသည်။ တစ်ယောက်နှင့် တစ်ယောက်ကို ချစ်ရည်လွှမ်းသော အကြည့်များဖြင့် လျှောက်လာသော လူနှစ်ယောက်ကို
ပန်းခြံတွင်းကလူများက လိုက်ကြည့်နေကြသည်။
လူအများကလည်း ကောင်ချောလေး နှစ်ယောက်ရဲ့လက်တွဲလျှောက်လာမှုကို ရှုတ်ချမှုမရှိသည့်အပြင် ထို လူသားနှစ်ယောက်၏ ချစ်ခြင်းကိုပါ အားကျနေကျ​ြကသည်။

ဝမ်ရိပေါ် bao baoသွားချင်တဲ့နေရာကို မေးတော့
bao baoက ပန်းခြံသွားချင်တယ်ဆိုတော့ လိုက်ပို့ရတော့သည်။ ပန်းခြံ ကိုရောက်တော့ အတွဲတွေအတွက်ပြိုင်ပွဲလေး လုပ်နေတာ တွေ့တော့ bao baoကသူ့လက်အား ဆွဲကာ​ပြိုင်ပွဲနေရာသို့ခေါ်သွားသည်။ bao baoရဲ့အကြည့်တွေက ပြိုင်ပွဲစဉ်ပေါ်ရှိ
ဆုပစ္စည်းတွေပေါ် ရောက်နေသည်။ ကြည့်ရတာ ယုန်ရုပ်ကြီးကို လိုချင်နေတာဖြစ်မယ်။ သူ့အား မျက်လုံးလေးတောက်ကာ ကြည့်လာသော bao baoကြောင့် ပြိုင်ပွဲမှာ ဝင်ပြိုင်ချင်နေမှန်းသိလိုက်သည်။ bao baoလက်အားဆွဲကာ စာရင်းပေး လိုက်တော့ bao baoကအံသြစွာသွားလေးနှစ်ချောင်းပေါ်ကာကြည့်လာသည်။ ဟက်....တကယ့်ကို ယုန်ပေါက်လေးဘဲ။

ရှောင်းကျန့် သူဝင်ပြိုင်ချင်နေမှန်း မပြောဘဲသိသွားသာ ဝမ်ရိပေါ်က စာရင်းပေးလိုက်တော့ သူ့မှာအံသြသွားရသည်။ ဝမ်ရိပေါ်က သူ့စိတ်ကိုဖတ်နိုင်တာလား။ ဘာပဲ​ြဖစ်ဖြစ် ဝမ်ရိပေါ်လို အလိုက်သိတဲ့ ချစ်သူရတာ သူအရမ်းကံကောင်းတာဘဲ။

ပြိုင်ပွဲစည်းမျည်းအရ အချိန်ကြာကြာ ကုန်းပိုးနိုင်တဲ့အတွဲက အနိုင်ရမှာဖြစ်ကာပြိုင်ပွဲဝင်ပြိုင်တဲ့အတွဲက ငါးတွဲဖြစ်သည်။ ကြည့်ရတာဝမ်ရိပေါ်ဘဲ နိုင်မှာလို့ ရှောင်းကျန့်က တွေးလိုက်သည်။ရိပေါ်ရဲ့ လက်မောင်းက ကြက်ဉတွေက အလကားမဟုတ်ဘူးလေ။

ပြိုင်ပွဲစပြိုင်တော့ ဝမ်ရိပေါ်က ရှောင်းကျန့်ရှေ့မှာဒူးကွေးကာ သူ့ကျောပေါ်သို့တက်စေသည်။ ရှောင်းကျန့်က ဝမ်ရိပေါ်ကျောသို့ တက်လိုက်တော့ ဝမ်ရိပေါ်က အင့်ခနဲအသံမြည်သွားသည်။

Ai Ni, Bao Bao(completed)Onde histórias criam vida. Descubra agora