ep-4

2.8K 199 4
                                        

ဖက်ထုပ်လေး၏မား စျာပနာ ပြီးသွားသည်အထိ
ဖက်ထုပ်လေးမှာမူ ရောက်ခါစနှင့်မတူ တစ်ယောက်တည်း ေထာင့်လေးတစ်နေရာတွင်သာနေလေ့ရှိသည်။ကျန့်ကျန့်က ဖက်ထုပ်လေးအား
စကားသွားပြောသော်လည်း ဖက်ထုပ်ကမူ ကျန့်ကျန့်ကို စကားပြန်တောင်မပြောဘူး ကျန့်ကျန့်က ဖက်ထုပ်လေးကို ကစားဖို့ခေါ်သော်လည်း ဖက်ထုပ်လေးက လှည့်ပင်မကြည့်ချေ။

ဖက်ထုပ်လေး၏ နာမည်ကိုစစ်စတာတို့က မေးသော်လည်း ဖက်ထုပ်လေးကမူ သူ့မားမားတစ်ချိန်က ပေးခဲ့သောဟန်တူ​ေသာလည်ဆွဲလေးအားကိုင်စွဲရင်း မျက်ရည်များက စီးကျလာလိမ့်ရှိသည်။ ထမင်းစားချိန်တွင်လည်း အနဲငယ်မျှသာစားလေ့ရှိပေမဲ့ ဖက်ထုပ်လေး၏ပါးဖောင်းကြီးက
တော့လျော့တောင်မသွားဘူး။

ကျန့်ကျန့် အနားကပ်သည့်အခါတိုင်း ဖက်ထုပ်လေးကရှောင်ဖယ်သွားပြန်တယ်။ ညအိပ်ရာဝင်ချိန်တွင်လည်းဖက်ထုပ်​​ေလးကဟိုဖက်ကိုလှည့်၍အိပ်သည်။

ကျန့်ကျန့် တစ်ယောက် ဖက်ထုပ်​ေကာင်အကြောင်းတွေးရင်းတွေးရင်း ဝမ်းနည်းလာ​ပြီးမားမားရင်ခွင်ထဲသို့ ဝင်ကာအော်ငိုမိ၏။ ထိုအခါ ေဘးတွင်အိပ်နေသော မကောင်းတဲ့ဖက်ထုပ်ကောင်က ကျန့်ကျန့်ငိုသံအားမကြားချင်သည့်ဟန် နားကိုခေါင်းအုံးနဲ့ပိတ်ကာ အိပ်နေပြန်သည်။

ကျန့်ကျန့်လည်းမကောင်းတဲ့ဖက်ထုပ်အားခေါ်မနေတော့ဘူးဟုတွေးမှတ်ကာ ဝေးဝေးကနေတော့သည်။
သို့သော် ဖက်ထုပ်ကောင်က ဘာဖြစ်ချင်ပြန်တာလည်းမသိဘူး။

သူက ခေါ်ပြန်တော့လည်း သူကိုအရေးမလုပ်ဘူး ။ကျန့်ကျန့်မခေါ်တော့ဘူးဟု ဆုံးဖြတ်ထားကာမှ ဖက်ထုပ်က ကျန့်ကျန့်ကို အပင်ကွယ်ကနေ ကျန့်ကျန့်ကစား​သည်ကိုလာလာချောင်းကြည့်ပြန်သည်။ကျန့်ကျန့်လည်း အရေးမလုပ်ဘဲ တစ်ယောက်တည်း ဆက်ကစားနေလိုက်သည်။

ထိုအချိန်တွင် ဖက်ထုပ်ကောင် ပုန်းကြည့်နေသော အပင်ဘက်ဆီမှ တရှုံရှုံငိုသံကြားသောကြောင့် ဖက်ထုပ်ကောင်အား သွားကြည့်ရာ ဒူးနှစ်ဖက်ပေါ် ခေါင်းအုံး၍ ငိုနေသည်။ ကျန့်ကျန့်လည်း
လန့်သွားသောကြောင့်-

Ai Ni, Bao Bao(completed)Tempat cerita menjadi hidup. Temukan sekarang