ep-22

1.6K 113 2
                                    

ချစ်ခြင်းမေတ္တာတွေက ဘယ်ကစပြီးဘယ်မှာဆုံးကြတာလဲ သူမသိပေ။ဝမ်ရိပေါ်ရဲ့ ချစ်မြတ်နိုးမှုတွေကတော့ ရှောင်းကျန့်ဆိုတဲ့လူသားနဲ့ဘဲစတင်ပြီး ရှောင်းကျန့်နဲ့ဘဲ အဆုံးသတ်ချင်ပါရဲ့။သူရဲ့ ချစ်ခြင်းတွေကို တစ်ယောက်သောသူသိအောင် ဖွင့်ပြောပြချင်ပါသော်လည်း ထိုလူက သူ့အားအ​ြမဲရှောင်တိမ်းသွားတတ်သည်။

ဒီနေ့ဆိုရင် bao baoနဲ့မျက်နှာချင်းမဆိုင်ရတာ တစ်ပတ်တောင်ပြည့်တော့မယ်။အဲ့ဒီနေ့ အိမ်မှာအခွင့်အရေးရတုန်း bao baoရဲ့ပါးလေးအား နမ်းလိုက်ပြီးတဲ့နေ့ကတည်းကပင်။bao baoက သူ့အားအရင်ကထက်ရှောင်လာသည်။ သူအခွင့်အရေး ယူတာများသွားလို့လား။ ဒါပေမယ့် ဒီတစ်ပတ်အတွင်း bao baoက မျက်စိရှေ့မှာအတွေ့မခံသောကြောင့် သူကွယ်ရာကနေ အမြဲသွားသွားကြည့်နေရသည်။

bao baoအကြောင်းတွေးနေစဥ်မှာဘဲ လက်ထဲက ဖုန်းလေးကမြည်လာတော့သည်။ခေါ်ဆိုသူကိုကြည့်လိုက်တော့ ဝမ်ရိပေါ်၏မျက်ခုံးတစ်စုံက တွန့်ချိုးသွားသည်။ရဲစခန်းအတွင်းရှိ လူတွေအား မျက်လုံးဖြင့် အကဲခေတ်ကြည့်ပြီးနောက် ချောင်ကျရာနေရာတစ်ခုသို့ထွက်လာခဲ့သည်။

ဖုန်းကိုင်ပြီးပြောနေသောဝမ်ရိပေါ်၏ လက်ကဖုန်းကိုကျစ်နေအောင် စုပ်ထားသည်။ ဝမ်ရိပေါ် က ဒေါသထွက်နေကာ တစ်ဖက်လူပြောသမျှကို နားထောင်နေသည်။

''ကောင်းပြီ ဆက်စောင့်ကြည့်ထား''

''.........''

''မရိပ်မိစေနဲ့ ''

ဝမ်ရိပေါ်က ဖုန်းပြောပြီး စခန်းအတွင်းသို့ ဟန်မပျက် ဝင်ထိုင်နေလိုက်သည်။

တစ်ဖက် ေဆးရုံရုံးခန်းတွင်းရှိ ပါရဂူဘွဲ့ရ ဒေါက်တာလေးကတော့ သူကိုယ့်သူ ရူးနေပြီဟုထင်နေရှာသည်။ဟုတ်တယ် အခုသူတကယ်ရူးနေပြီ။ဟိုနေ့က ဝမ်ရိပေါ်က သူ့ပါးအားလာနမ်းပြီးကတည်းက။

အဲ့ပုံရိပ်တွေက အခုထိ ကြီးစိုးနေတာ တစ်ပတ်တောင်ရှိပြီ။ သူတကယ်ကြီးကို အဲ့အကြောင်းစဥ်းစားလိုက်နေရင်း အခုရင်တွေခုန်လာပြန်သည်။

''ရှောင်းကျန့် စိတ်ထိန်းစမ်း ဝမ်ရိပေါ်က အရင်တုန်းကလည်း အခုလိုနမ်းနေကျကို။မနမ်းတာဆိုလို့ ငါးနှစ်ကျော်ကျော်လောက်ဘဲရှိသေးတာ။ ဟုတ်တယ် အဲ့တာကြောင့် မင်းရုတ်တရက်စိတ်လှုပ်ရှားသွားတာ။ မဟုတ်ဘူး အဲ့နေ့က ဝမ်ရိပေါ်က ပြုံးပြတဲ့အပြုံးလေးက နေမင်းကြီးလို အရမ်းနွေးနွေးထွေးထွေးလေးပြုံးပြနေတာ အဲ့အပြုံးက သူချစ်တဲ့လူ တစ်ယောက်ကိုပြုံးပြနေသလိုမျိုးလေး။
အား ရှောင်းကျန့် မင်းရူးနေပြီ ရူးနေပြီ အဲ့ဒီအဆိုးကောင်ရဲ့ ပါးတစ်ဖက်စောင်းအပြုံးကိုလေ မင်းက ရင်ခုန်နေတာလား''

Ai Ni, Bao Bao(completed)Tempat cerita menjadi hidup. Temukan sekarang