ep-14

1.7K 129 2
                                    

ရိပေါ် တို့ခရီးကပြန်ရောက်ပြီး တစ်ပတ်အကြာတွင် စာမေးပွဲဖြေရတော့သည်။ရိပေါ် စာမေးပွဲဖြေနေစဥ်
အတွင်း bao baoက ရိပေါ် အား စာကူလုပ်ပေးပြီး
သူ့ဖြေရမည့် အထက်တန်းစာမေးပွဲအတွက်လည်း ပြင်ဆင်နေပြန်သည်။ရိပေါ် စာမေးပွဲဖြေပြီးသွားတော့ bao baoတို့အထက်တန်းစာမေးပွဲက စတင်ပြန်သည်။

bao baoက စိတ်အေးအေးဖြစ်နေသော်လည်း ရိပေါ်တစ်ယောက်မှာခြေမကိုင်မိလက်မကိုင်မိဖြစ်နေသည်။သူ စာမေးပွဲဖြေနေစဥ် တုန်းကတောင် တစ်ရေးအိပ်ပြီးမှ ထဖြေသူက အခုတော့ သူ့မှာbao baoအစားရင်တုန်ပန်းတုန်ဖြစ်ရတော့သည်။ဘုံကျောင်းမှ စာမေးပွဲအောင်အဆောင်လက်ဖွဲ့ အနီရောင်လက်ပတ်ကြိုးလေးအားသွားယူကာ bao baoအားဝတ်ပေးမိသည်။

စာမေးပွဲကာလအတွင်း bao baoကျန်းမာနေဖို့က အရေးကြီးသည့်အတွက် မီးဖိုချောင်သို့ ကိုယ်တိုင်ဝင်ရောက်ကာ အားရှိမယ့်အစားအစာများအား ချက်ပြုတ်နေပြန်သည်။သို့သော် သူချက်သည့် အစားအစာ များမှာ အကုန်လုံးက အမှိုက်ပုံးတွင်းသို့ခုန်ဆင်းသွားသည်။တစ်အိမ်လုံးမှာလည်း ညော်နံများဖြင့်ပြည့်သွားသည်။ထို့ကြောင့် တီလေးက သူ့အားမီဖိုချောင်သို့ အလာပင်မခံပေ။ ရိပေါ်တစ်ယောက် စာလုပ်နေသောbao baoဘေးတွင်ထိုင်စောင့်ပေးနေသည်။

အချိန်ကြာလာတော့လည်း သူ၏မျက်လုံးနှစ်လုံးက
စေ့စေ့သွားပြီး bao bao၏ စာလုပ်နေသော စားပွဲခုံအား တစ်ဒုတ်ဒုတ်ဖြင့် ေခါင်းကသွား​ေဆ​ာင့်နေပြန်သည်။

ေရှာင်းကျန့် သူ့အား အိပ်စောင့်ပေးနေသော ခွေးပေါက်လေး အားကြည့်ပြီးရယ်မိသည်။
ထိုစဥ် အခန်းတံခါးက ပွင့်လာပြီးဝင်လာသောတီလေးက

''သား..... 12ကျော်ပြီလေ အိပ်တော့လေသား မနက်စာမေးပွဲဖြေရမှာ မထနိုင်ပဲနေအုံးမယ် ဟော သားညီလေးက အိပ်တောင်အိပ်နေပြီ''

''ဟုတ်ကဲ့ တီလေး ခွေးပေါက်လေးကတော့ အိပ်ပျော်နေပြီ သားကိုစောင့်ပေးမယ်ပြောပြီး ဟ
ဟ''

''ကဲကဲ အိပ်ကြတော့ နော်  ဝမ်အန်း တီလေးရဲ့အချစ်တုံးလေးတွေ''

တီလေးကသူတို့နှစ်ယောက်နဖူးအား နမ်းကာ ပြန်ထွက်သွားသည်။သူလည်း အိပ်ပျော်နေသော ဝက်ပေါက်လေးအား မနိုင်တနိုင်ချီကာ အိပ်ရာပေါ်သို့ တင်လိုက်ပြီး သူသည်လည်း အိပ်ရန်ပြင်လိုက်သည်။ အမှောင်ကြောက်သော ကောင်လေးအတွက်မီးအုပ်စောင်းလေးတစ်ခုအားဖွင့်ထားလိုက်သည်။ ထို့နောက် သူ့ရင်ခွင်တွင်းသို့ bao baoဟုဆိုကာဝင်လာသောကောင်လေးအား ပြန်ဖက်ပေးထားလိုက်ပြီး အိပ်စက်ခြင်းကိုစတင်လိုက်သည်။

Ai Ni, Bao Bao(completed)Donde viven las historias. Descúbrelo ahora