ep-30

1.7K 103 2
                                        

ုဆေးရုံကြီးရဲ့ ခွဲစိတ်အထူးကုကြပ်မတ်စောင်မှာ ဒေါက်တာရှောင်း တစ်ယောက်ခွဲစိတ်ခန်းအတွင်းသို့ ဝင်တော့မည် လူနာလေးအား လာရောက်တွေ့ဆုံနေသည်။ ဟွားမေ က ဒေါက်တာကိုကိုအားတွေ့တော့ အရမ်းကိုဝမ်းသာသွားပုံရကာ ရယ်ပြလာသည်။ ဟွားမေရဲ့ အခြေအနေက ပြန်ကောင်းလာမလား စောင့်ကြည့်ခဲ့သော်လည်း တစ်ရက်ထက်တစ်ရက် ပိုပိုပြီးအခြေအနေက ဆိုးဝါးလာမှုကြောင့် ရိုးတွင်းခြင်ဆီ အစားထိုးကုသမှုကို ရှေ့တိုးကြရသည်။

ခြင်ဆီ အစားထိုးကုသမှုက အန္တရာယ် မရှိနိုင်သော်လည်း ဟွားမေရဲ့ ယခုအခြေအနေနဲ့ဆိုရင် စိုးရိမ်ဖွယ်ကောင်းလှသည်။ ရှောင်းကျန့် ဟွားမေရဲ့ ေခါင်းလေးအားပွတ်ပေးလိုက်တော့ ဟွားမေရဲ့ဆံပင်များက သူ့လက်ထဲသို့ပါလာသည်။ ကင်ဆာဆေး တို့ရဲ့ဆိုးကျိုးကြောင့်ပင်။ ဟွားမေ မားက ဆံပင်ရိတ်ပေးမည်လုပ်တော့ အလှကြိုက်သူကောင်မလေးက သူ၏ဆံပင်များကိုအဖြတ်မခံခဲ့ပေ။

''ဒေါက်တာကိုကို ဟို ဉီးလေးကြီး ကမလာတော့ဘူးလားဟင်''

''ရိပေါ်ကိုပြောတာလား ''

ဟွားမေ က ခေါင်းငြိမ့်ပြသည်။ဒီကလေးမ ရိပေါ်ထက်ကြီးတဲ့ သူ့ကိုကျတော့ ကိုကိုလို့ခေါ်ပြီး ရိပေါ်ကိုကျ ဉီးလေးကြီး လို့ခေါ်တော့ ရှောင်းကျန့်ပြုံးမိသွားသည်။

''ရိပေါ်က လူဆိုးသွားဖမ်းနေတာ စောစောက ဖုန်းဆက်သေးတယ် မနက်ဖြန် ခွဲခန်းဝင်ရမယ် ဟွားမေကို ကျားရို လို့ပြောပေးပါတဲ့''

''ဉီးလေးကြီးက ကိုယ်တိုင်ကျလာမပြောဘူး''

''ရိပေါ်က မအားလို့ပါ ဟွားလေးက နားလည်ပေးလိုက်ပါနော် ''

''ဟုတ် ကိုကို မနက်ဖြန်ဆိုရင် ဟွားဟွားက နေကောင်းပြီပေါ့နော် နေကောင်းသွားရင် ဒေါက်တာကိုကိုရယ် ဉီးလေးကြီးရယ် ဟွားဟွားရယ် ကစားကွင်းအတူတူသွားကြမယ် ''

''ဟွားလေး သဘောပါဗျာ ဒီညတော့ စောစောအနားယူနော် ဒါမှမနက်ဖြန်အားအပြည့်ရှိနေမှာ''

''ဟုတ် ကိုကို ဟွားဟွား အိပ်တော့မယ် ''

ရှောင်းကျန့် က ဟွားလေးရဲ့ နဖူးအား အနမ်းပေးလိုက်တော့ ကောင်မလေးက ပြုံးရွှင်စွာဖြင့်အိပ်မောကျသွားသည်။ ဟွားလေးကို သေချာပေါက်
ကျန်းမာလာအောင် ကိုကိုက အစွမ်းကုန် ကုသပေးပါမယ်။ ဟွားမေ မားအား ကလေးကိုသေချာဂရုစိုက်ရန် ပြောဆိုပြီး ဆေးသွင်းပေးခဲ့ကာ သူ၏ရုံးခန်းသို့ပြန်လာခဲ့သည်။

Ai Ni, Bao Bao(completed)Where stories live. Discover now