ep-32

1.4K 92 2
                                    

''ရိပေါ် ေကာတို့လမ်းခွဲကြရအောင်''

ရှောင်းကျန့် သူ၏စကားကြောင့် ဝမ်ရိပေါ်က ​ေကျာ​က်ရုပ်တစ်ရုပ်လို ဘာစကားမှမဆို
ဘဲ ငြိမ်သွားသည်။ သူ သက်ပြင်းတစ်ချက် ခပ်ပြင်းပြင်းသာချလိုက်သည်။ဒီ ဆုံးဖြတ်ချက်ကလည်း သူ့အတွက် လွယ်ကူမနေခဲ့ဘူး။ သူ့အား ငြိမ်သက်စွာ ကြည့်နေသော ဝမ်ရိပေါ်က ရုတ်တရက် ထရယ်ပါတော့သည်။ ဒါပေမယ့် ဝမ်ရိပေါ်ရဲ့ မျက်ဝန်းတွေထဲမှာတော့ မျက်ရည်စတို့ပြည့်နှက်လျက်။

''bao bao က ကျွန်တော့်ကို မရယ်ရတဲ့ဟာသတွေ သိပ်ပြောတာဘဲ ''

''.................''

''bao bao ကျွန်တော်ကို စနောက်နေတာ မဟုတ်လားဟင် ''

''ရိပေါ် ကော နောက်ပြောင်နေတာ မဟုတ်ဘူး ကောတို့ တကယ်လမ်းခွဲကြရအောင်''

''ကျေးဇူးပြုပြီး ကျေးဇူးပြုပြီး bao baoက နောက်ပြောင်နေတယ်လို့ဘဲ ပြောပေးပါ ကျွန်တော်.... ကျွန်တော် bao baoနဲ့ လမ်းမခွဲနိုင်ဘူး မဟုတ်ဘူး bao baoမရှိရင် ကျွန်တော်တစ်ယောက်တည်းမဖြစ်ဘူး ''

ဝမ်ရိပေါ်ရဲ့ မျက်ဝန်းထဲမှ မျက်ရည်စတို့က အဆက်မပြတ်ကျဆင်းလို့လာသည ်။ ဝမ်ရိပေါ်က ကုတင်ပေါ်မှ ဆင်းကာ bao bao၏ လက်ကိုကိုင်ကာ တစ်ဖွဖွ ဆိုနေသော်လည်း bao baoက တစ်ဖက်သို့မျက်နှာမူထားသည်။ တစ်ဖက်သို့ လှည့်ထားသော bao baoက သူ့ဘက်သို့ လှည့်လာကာ

''ရိပေါ် တောင်းပန်ပါတယ် ကော တို့ဘယ်လိုမှရှေ့ဆက်ဖို့ မဖြစ်နိုင်ဘူး''

''ပြော.......ပြောပေးပါ bao baoက အကြောင်းပြချက်ကိုပြောပေးပါ ကျွန်တော်အကုန် ပြင်ပေးပါမယ် bao baoမကြိုက်တာအကုန်လုံးကို''

bao baoက ဝမ်ရိပေါ်ရဲ့ အနားမှ နောက်တစ်လှမ်း ဆုတ်သွားသည်။ သူ ကိုင်ထားသော bao bao၏လက်ကိုလည်းဖြုတ်သွားသည်။bao bao က သူ့အနားမှာတောင် မနေချင်တော့ဘူးလား။

''bao bao''

''ငါ.......ငါ မကြိုက်ဘူး မင်းလို ဒဏ်ရာတွေနဲ့ အမြဲ တွေ့နေရတဲ့ လူကို ငါ ချစ်သူမတော်နိုင်တော့ဘူး ဝမ်ရိပေါ် ငါက ဘယ်လောက်ပဲ ဆရာဝန်ဖြစ်နေပါစေ ငါချစ်ရတဲ့ လူကို ဒဏ်ရာအနာတရ တွေနဲ့ လုံးဝမမြင်ချင်ဘူး ဒီတစ်ခေါက်ကိစ္စမှာ ငါသိလိုက်ပြီ လောင်ဝမ် ငါတို့က ဘယ်လိုမှမအက်စပ်နိုင်ဘူးဆိုတာကို ''

Ai Ni, Bao Bao(completed)Where stories live. Discover now