ep-39

1.5K 93 10
                                    

ဒူးထောက်နေသော ဝမ်ရိပေါ်က လက်သီးနှစ်ခုကို တင်းနေအောင် ဆုတ်နေကာ ဒေါသတို့ကို မြိုသိပ်နေရသည်။အခုချိန် သူ မဆင်မခြင် လုပ်လိုက်ရင် bao baoအတွက် အန္တရာယ် ရှိသည်။ bao baoကို ဘယ်နည်းနဲ့မှ အထိခိုက်မခံစေရဘူး။ bao bao ကတော့ သူ့ကို ဒူးမထောက်ဖို့ပြောနေပေမယ့်လည်း ဒီတစ်ခါ
bao baoစကားကို နားမထောင်ပါရစေနဲ့ ခင်ဗျားရဲ့။

''လောင်ဝမ်..... မင်းဒီလိုလုပ်ဖို့ မလိုဘူး ငါသေရင်သေသွားပါစေ မင်း ဒီလူယုတ်မာကို ဒူးထောက်စရာမလိုဘူး''

''တောင်းပန်ပါတယ် bao bao ဒီတစ်ခါတော့ bao bao စကားကို နားမထောင်နိုင်ဘူး''

ရှောင်းထျန်းက ကောင်လေးနှစ်ယောက် ကိုကြည့်ကာဖြင့် အော်ရယ်မိသည်။ တစ်ယောက်နဲ့တစ်ယောက် ချစ်လိုက်ကြတာ။ သူကိုကျတော့ ဘာဖြစ်လို့ ချစ်ပေးမယ့်လူမရှိရတာလဲ။ ချင်းရီ ကို ချစ်ခဲ့ပေမယ့် ချင်းရီက သူ့ကိုတစ်ချက်တောင် လှည့်မကြည့်ခဲ့ပေ။ ဒါကြောင့်ဘဲ ချင်းရီနဲ့ ပတ်သက်သမျှကို ဖျက်ဆီးခဲ့တာ။

ရှောင်းထျန်း ဆိုသူက သူသာမပိုင်ဆိုင်ရရင် ဖျက်ဆီးပေးဖို့ ဝန်မလေးပေ။ အခုတော့ ချင်းရီ နဲ့ဟိုလူ ရဲ့သွေးသားကို သတ်ပစ်ရလိမ့်မယ်။ ဝမ်ရိပေါ် က သူ့အမေချင်းရီနဲ့ အတော်လေးကိုရုပ်ချင်းဆင်သည်။ သူ့ရဲ့ နှလုံးသားကတစ်ချိန်က သူ့ပရောဂနဲ့ သေဆုံးခဲ့တဲ့ ထိုအမျိုးသမီးချင်းရီကို သတိရကာ တစ်ဖန်အမုန်းတရားတို့နှင့်အတူ ပြန်နိုးထလာခဲ့သည်။ ချင်းရီ မင်း ငါ့အချစ်ကို မျက်ကွယ်ပြုခဲ့လို့ အခု ဒီလိုဖြစ်လာတာ ငါ့အဆိုးမဆိုနဲ့။

ရှောင်းထျန်းက သူ့တပည့်နှစ်ယောက်ကို အချက်ပြလိုက်ကာ ဝမ်ရိပေါ်အား ချုပ်စေသည်။ဝမ်ရိပေါ်၏ လက်နှစ်ဖက်ကို ထိုလူနှစ်ယောက်က တစ်ယောက်တစ်ဖက်လာရောက်ချုပ်ကိုင်လာသည်။ ဝမ်ရိပေါ်က ရုန်းတော့ ရှောင်းကျန့်ကို ရှိန်ထားသော သေနတ်မောင်းကို တင်စေသည်။ ဝမ်ရိပေါ် က ပြန်ငြိမ်သွားသည်။

ရှောင်းထျန်းရဲ့ တပည့်တစ်ယောက်က ဝမ်ရိပေါ်ရှေ့ သွားကာ ဝမ်ရိပေါ်အား အဆက်မပြတ်ထိုးနှက်သည်။ဝမ်ရိပေါ်အား ရိုက်နှက်နေမှုအား တွေ့မြင်ရသော ရှောင်းကျန့်က မလုပ်ဖို့ရန် ေတာင်းပန်သည်။ ဝမ်ရိပေါ်က မျက်ရည်တို့ဖြင့် တောင်းဆိုနေသော ချစ်ရသူ ရဲ့ မျက်ရည်တို့ကြောင့် ရှောင်းထျန်းကို အရိုက်ခံရလို့နာတာထက် ပိုပိုပြီးနာကျင်ရသလို bao baoမျက်ရည်ကျအောင် လုပ်နေမိသော သူ့ကိုယ်သူလည်း ဒေါသထွက်လာတော့သည်။

Ai Ni, Bao Bao(completed)Where stories live. Discover now