ep-29

1.3K 95 5
                                    

အချိန်တွေက ပုံမှန်လည်ပတ်နေသော်လည်း လူတွေရဲ့ ကံကြမ္မာ က အကောင်းနှင့်အဆိုးဒွန်တွဲနေတတ်သည်။ မကောင်းမှု လုပ်သူများက တစ်ချိန်ချိန်မှာ  ပြန်ခံစားကြရမှာအမှန်ပင်။ ကိုယ်ကောင်းဖို့အတွက် နိုင်ငံရဲ့အနာဂတ်လူငယ်လေးတွေကို မူးယစ်ဆေးဝါးနဲ့ ဖျက်ဆီးစေခဲ့သူကတော့ ပြန်ခံရတော့မည့် အလှည့်သို့ ကံကြမ္မာစက်ဝန်းက တစ်ဖန်လည်လာသည်။

Aမြို့ရဲ့ ဗဟိုရဲဌာနချုပ်ရဲ့ ပင်တိုင်အစည်းအဝေးခန်းမအတွင်းတွင် captain ဝမ် ဉီးဆောင်သော lion
အမည်ရ အဖွဲ့က အထူးရဲတပ်ဖွဲ​့က ဆွေးနွေးတိုင်ပင်မှုတွေလုပ်ဆောင်နေကြသည်။ထို အဖွဲ့ကအထူးလေ့ကျင့်ပေးထားသော အဖွဲ့ဖြစ်ကာ နိုင်ငံရဲ့ အရေးကြီးမူခင်းတွေကို စုံစမ်းဖော်ထုတ်ကြသည်။ ယခုလည်း  နိုင်ငံရဲ့သတင်းစာတွေပေါ်မှာ လူမှုကောင်းကျိုးပြုသူဟုသော ကျော်ကြားသော လူ၏ နောက်ကွယ်က မတရားမှုတွေကို ဖော်ထုတ်ဖမ်းဆီးရန် စုဝေးနေကြသည်။

lion ရဲ့ captain ဝမ်က သူတို့ရဲ့မြေပြင်အခြေအနေ၊ တစ်ဖက်မှောင်ခို မူးယစ်ရာဇာတို့ရဲ့ လှုပ်ရှားမှုတွေအား ပြန်လည်တင်ပြဆွေးနွေးသည်။လူ ဆယ်ယောက်ကျော်ဖြင့် ဖွဲ့စည်းထားသောဤအဖွဲ့က captain ဝမ်ရိပေါ်ရဲ့ ဆွေးနွေးမှုတွေကို အပ်ကျသံပင်ကြားရလောက်အောင် ငြိမ်ဝပ်စွာနားထောင်နေကြသည်။

''ငါတို့ရဲ့ လတ်တလောအခြေအနေအရ မူးယစ်ဂိုဏ်းတစ်ခုဖြစ်တဲ့ black dragon ဂိုဏ်းက ငယ်သားတွေကို အတော်ဖမ်းဆီးရပြီးပြီ သူတို့ရဲ့ထွက်ဆိုချက်တွေက ရှင်းဟွာအုပ်စု ရဲ့ဉက္ကဌ ရှောင်းထျန်းက ဂိုဏ်းဆိုပြီး ထွက်ဆိုကြတယ် ပြီးတော့ ငါတို့မှာလည်း ရှောင်းထျန်းကို သက်သေအတိအကျနဲ့ မဖမ်းနိုင်သေးဆိုပေမဲ့ အခုအခြေအနေအရ ဒီလူကို ဖမ်းဝရမ်းထုတ်ခွင့်ရပြီ''

''captain ဒါဆို ကျွန်တော်တို့အခုပဲသွားဖမ်းကြမယ် တရားခံကို''

အဖွဲ့ထဲက အငယ်ဆုံး ရမ်ရှင်း ကထပြောသည်။ captain ဝမ်က ခေါင်းအသာခါလိုက်ကာ

''ငါတို့ ဒီအတိုင်းသွားဖမ်းလို့လည်း အပိုဘဲ အဲ့လူက ဉပဒေဘောင်အထက်မှာရှိနေတာ ဖမ်းပြီးအထဲထည့်လည်း သက်သေမခိုင်လုံဘူးလို့ဆိုပြီး ထွက်လာမှာ''

Ai Ni, Bao Bao(completed)Donde viven las historias. Descúbrelo ahora