ဝမ်ရိပေါ်က ဆေးပေးခန်းလေးအရှေ့မှာရပ်ကာ တံခါးအားအသာခေါက်လိုက်သည်။ တံခါးတစ်ဖက်မှာရှိသော ဒေါက်တာရှောင်းက လူနာဟု မှတ်ကာဝင်လာခိုင်းသည်။ဝမ်ရိပေါ်က တံခါးအားအသာလေးတွန်းဖွင့်ကာ ဝင်ရောက်လိုက်တော့ ဂျူတီကုပ်အဖြူလေးနဲ့ ဒေါက်တာရေှာင်းက ဆေးမှတ်တမ်းတွေအားကြည့်နေသည်။သူဝင်လာသံကြားလို့ထင်သည်
ဒေါက််တာလေးက မော့ကြည့်လာတော့ အံသြသွားပုံရသည်။''bao bao ''
''ဝမ်ရိပေါ်''
''ကျွန်တော်နဲ့တစ်နေရာ လိုက်ခဲ့ပါလား bao bao''
''ဘယ်ကိုလဲ ရိပေါ်''
''ြမို့ေပါ်က ကားဂိတ်ကိုပါ bao bao တီလေးက bao baoနဲ့ကျွန်တော့်အတွက် လိုမယ်ထင်တဲ့ပစ္စည်းတွေထည့်ပေးလိုက်တာ အခုရောက်ပြီတဲ့ bao baoကအတူလိုက်ခဲ့ပါလားဟင် ကျွန်တော်တစ်ယောက်တည်းမသွားရဲလို့ပါ''
ဝမ်ရိပေါ်က လိုချင်တာရှိရင် တောင်းသည့်ပုံစံအတိုင်း မျက်နှာကိုအသေးဆုံးဖြစ်အောင်လုပ်ပြီး
puppy eyesဖြင့်တောင်းဆိုသည်။ဝမ်ရိပေါ်လို အရာရှိတစ်ယောက်က ကားဂိတ်ကိုမသွားရဲဘူးဆိုတာက သက်သက်မဲ့အပိုစကားသာဖြစ်သည်။ဒါက သူ့ကို ခေါ်သွားချင်လို့ သက်သက်မဲ့အကြောင်းပြတာ ဖြစ်မည်။သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကတော့ လမ်းခွဲထားတဲ့ချစ်သူနှစ်ယောက်ဆိုပေမဲ့
ရည်းစားမဖြစ်ခင်အချိန်ကိုပြန်ရောက်သွားသလိုပါဘဲ။ ပြောရရင်တော့ ညီအစ်ကိုဆက်ဆံရေးပေါ့။''ရိပေါ်..... ကော မအားဘူးလေ အခုက ကောရဲ့ဂျူတီချိန်လေ ''
''ကျွန်တော် ကျန်းချန်ကောကို ပြောပြီးပြီ သူက bao baoအစားဝင်ပေးလိမ့်မယ် လိုက်ခဲ့ပါနော် bao bao''
''ဝမ်ရိပေါ် မင်းလုပ်ချင်တာကို ငါ့ကိုမတိုင်ပင်ပဲလုပ်နေလိုက် အဲ့ကြောင့် မင်းနဲ့လမ်းခွဲ''
ရှောင်းကျန့် စကားကြောင့် ဝမ်ရိပေါ်က ေခါင်းငုံပြီးတောင်းဆိုနေရာမှ ရုတ်တရက်ရှောင်းကျန့်အား မော့ကြည့်လာသည်။ သူ စကားမှားသွားပြီပဲ အမြန်စကားအားထိမ်းလိုက်သော်လည်း ရှောင်းကျန့်ရဲ့နှုတ်က လမ်းခွဲသည့်ကိစ္စဘက်သို့ ရောက်သွားသည်။
YOU ARE READING
Ai Ni, Bao Bao(completed)
Fanfictionဝေါ်အိုက်နီ ပေါင်ပေါင်♥. ဝေါ်အိုက်နီ ပေါင်ပေါင်♥. start-14.3.2022 end-22.6.2022