ep-7

1.9K 148 4
                                    

ကျောင်းမှဆရာက သူတို့အားမြင်သွားပြီးဆရာ၏အကူအညီဖြင့် သတိမေ့သွားသော ဖက်ထုပ်လေးအား ရွာ၏ဆေးပေးခန်းသို့ပင်ခေါ်လာခဲ့ပြီး ဒဏ်ရာအားချုပ်ပေးကာ ဆေးသွင်းပေးထားလေသည်။ သူနာပြုဆရာမကလည်း မကြာခင်သတိရလာတော့မည်ဖြစ်ကြောင်းပြောပြီး သူနဲ့အတူဖက်ထုပ်လေးအားကူစောင့်ပေးသည်။မကြာမီပင် စစ်စတာမေရီနှင့်စစ်စတာအချို့ရောက်လာကြသည်။

စစ်စတာအကြီးက အကြောင်းစုံကိုမေးမြန်းသောကြောင့် ဖြစ်ကြောင်းစုံကုန်စင်ကိုပြောပြလိုက်သည်။ ကျိုးရန်ရဲ့ မိဘတွေကလည်းရောက်လာကြပြီး သူတို့သားအားခေါင်းပေါက်လုပ်သောကလေးကို တရားစွဲမည်ဟုပင်စိတ်ဆိုးမာန်ဆိုးဖြင့်ပြောလေသည်။

စစ်စတာမေရီနှင့် ဆရာက အကြောင်းစုံရှင်းပြသော်လည်း လက်သင့်မခံဘဲ မိဘ မရှိလို့ ဆိုဆုံးမ
မည့်သူမရှိတဲ့ ကလေးတွေဟုပြစ်တင်ပြောဆိုကြသည်။မေရီတစ်ယောက်ဒေါသ ထွက်လာပြီး ပြန်ပြောရန်ပြင်သော်လည်း ဂေဟာကိုအုပ်ချုပ်သောစစ်စတာကြီးကပြောဆိုခွင့်မပြုချေ။

စစ်စတာကြီးက ကျိုးရန်၏မိဘများမှာ ရွာ၏မျက်နှာဖုံးလူချမ်းသာတွေဖြစ်သည့်အလျောက် အထိုက်အလျောက်နေပေးရန်မေရီအားပြောသည်။

ကျိုးရန်မိဘများကမူ သူတို့သား ခေါင်းပေါက်သွားမှုကြောင့် ဒီကလေးနှစ်ယောက်ကို ဒီရွာမှာမမြင်ချင်ကြောင်း ပြောသည်။အကယ်၍ရွာမှာ ဆက်မြင်နေခဲ့ရရင်မူ ဂေဟာအားထောက်ပံနေမှုများအားရပ်တန့်ပစ်ရလိမ့်မည်ဟုခြိမ်းခြောက်ပြောဆိုကာ ထွက်သွားကြသည်။

စစ်စတာကြီးကလည်း မေရီအားဤကိစ္စကိုသူဖြေရှင်းပေး၍မရနိုင်ကြောင်း ထို့ကြောင့် ကလေးနှစ်ယောက်အားရွာမှထွက်ခွာခိုင်းကာ တခြားဂေဟာသို့ပို့ရလိမ့်မည်ဖြစ်ကြောင်းပြောသည်။

မေရီတစ်ယောက် စစ်စတာကြီးအားလေးစားလာသည့်တစ်လျှောက်ဒီတစ်ကြိမ်တွင်တော့ လွန်စွာစိတ်ပျက်သွားခဲ့သည်။မိမိလေးစားလာခဲ့သူတစ်ယောက်က ထိုသို့ကိုယ်ကျိုးဘဲကြည့်တတ်မှုကိုပင်အံ့သြလို့မဆုံးနိုင်တော့ချေ။

မေရီလည်း စစ်စတာကြီးရှေ့မှထွက်လာကာ ဆေးပေးခန်းဘက်သို့လျှောက်လာခဲ့ပြီး ကြည့်လိုက်သောအခါပြုံးရွှင်နေသောကောင်လေးနှစ်ယောက်အားကြည့်၍ စိတ်မကောင်းဖြစ်ရပြန်သည်။

Ai Ni, Bao Bao(completed)Tempat cerita menjadi hidup. Temukan sekarang