extra

2K 95 6
                                    

ဝမ်ရိပေါ်က bao bao ရဲ့ဆွဲခေါ်သွားမှုကြောင့် နောက်ကနေ အသာလိုက်ခဲ့သည်။ bao bao က သူ့အား သူတို့နှစ်ယောက်ရဲ့ အခန်းရှေ့ရောက်တော့ နှုတ်ခမ်းလေး နားမှာ လက်ညိုးလေးတင်ကာ တိုးတိုးနေရန် ပြောသည်။ ဝမ်ရိပေါ်က တော့ bao bao ကို အသည်းယားကာ နှုတ်ခမ်းပါးပေါ်တင်ထားသော လက်ညိုးလေးကို အသာငုံကိုက်လိုက်သည်။

bao bao ကတော့ သူ့အား မျက်စောင်းလှလှလေးဖြင့် တုန်ပြန်သည်။

''လောင်ဝမ် ဘယ်လိုဖြစ်နေတာလဲ တိုးတိုးနေပါဆို ''

''ဟုတ်ကဲ့ bao bao''

bao bao ကို ဝမ်ရိပေါ်က ကလေးတစ်ယောက်လို ခေါင်းကို အဆက်မပြတ် ငြိမ့်ပြတော့ bao bao ရဲ့ နှုတ်ခမ်းပါးအောက်က မှဲ့လေး က မြင့်တက်သွားသည်။ bao bao က သဘောကျစွာ ဖြင့် ဝမ်ရိပေါ်အား ခေါင်းအသာပုတ်ပေးကာ သဘောကျစွာရယ်သည်။

''ကော ရဲ့ ဝက်ပေါက်လေး က လိမ္မာတယ် ''

''bao bao!!!''

ဒီ bao bao ဟာလေ သူ့ကို မထင်ရင်မထင်သလို ဝက်ပေါက်လို့ ပြောတတ်သည်။ သူက ဝက်ပေါက်မဟုတ်ဘဲ ခြသေ့်တစ်ကောင်သာ ဖြစ်ကြောင်းကိုတော့ ညရောက်မှ သက်သေ ပြရအုန်းမည်။

''ရှူးတိုးတိုး''

bao bao က အခန်းတံခါးအား ဖွင့်ကာ သူ့အား ခေါ်သွားသည်။ အခန်းထဲရောက်တော့ ကလေး ပုခက်
လေးထဲမှာ အိပ်နေသော ပေါင်းဖောင်းဖောင်း နဲ့အကောင်ပေါက်လေး က ပါးစပ်လေးဟကာ အိပ်ပျော်နေသည်။

ဆံပင်တို့က ထိုးထိုးထောင်ထောင်၊ လက်မောင်းတုတ်တုတ် ၊ ခြေထောက်တုတ်တုတ်၊ ပါးဖောင်းဖောင်း ဖြင့် ဒီကလေးက မှ ဝက်ပေါက်စ ဖြင့်တူသည်ဟု မှတ်ချက်ပေးလိုက်သည်။

bao bao နဲ့ ဝမ်ရိပေါ်က ပုခက်ရဲ့ ဘေးတစ်ဖက်တစ်ချက်စီမှာ ဝင်ထိုင်ကာ ကလေးပေါက်စ အား ကြည့်မိနေကြသည်။ bao bao က အိပ်ပျော်နေသော ဝက်ပေါက်စရဲ့ လက်တို့အား သွားကိုင်​​ေတာ့ထိုပေါက်စက အိပ်နေရင်းပင် bao bao ရဲ့လက်ညိုးလေးအား တင်းနေအောင်ဆုပ်ထားသည်။

bao bao က ဒီဝက်ပေါက်စ ကိုကြည့်ရင်းပင် သဘောတကျရယ်နေပြန်သည်။ bao bao က ဒီကလေးကို တော်တော်လေး ကို ချစ်တာပဲ။ ဝမ်ရိပေါ်က သိပ်တော့ သဘောမကျချင်တော့ပေ။

Ai Ni, Bao Bao(completed)Dove le storie prendono vita. Scoprilo ora