ရှောင်းကျန့် ကိုက်ခဲနေသော ခေါင်းကို အသာဖိကာ
တဲအတွင်းမှထွက်လာခဲ့သည်။သူ မနေ့ညက ဝမ်ရိပေါ်ကို သဝန်တိုပြီး တစ်ခွက်ပြီးတစ်ခွက်သောက်ပြီးနောက် ဘာကိုမှမမှတ်မိတော့ပေ။ သူ ဆေးပေးခန်းရောက်တော့ သူ့လိုပင် အရက်နာကျနေသော လူများကိုတွေ့လိုက်ရသည်။ သူ့ကို မြင်သော ကျန်းချန်က အနားကပ်လာပြီး သူ့ကို အံသြစွာကြည့်ကာ တစ်ဝါးဝါးဖြင့်။''ဝါး....... ေရှာင်းကျန့်တို့ကတော့ မထင်ရဘူး ဘယ်လိုလဲ ငါ့သူငယ်ချင်းကြီး ညကအခြေအနေလေး''
''ကျန်းချန် မင်းဘာကိုပြော.....အာ့ ''
စကားပြောလိုက်တော့ နှုတ်ခမ်းက တော်တော်လေးကို နာနေသည်။ နှုတ်ခမ်းကို အသာကိုင်လိုက်တော့ ဖူးယောင်နေသည်။သူ မနေ့က ပျားထိုးခံရလို့လား။
သူ့ ပုံစံကိုကြည့်ပြီး ကျန်းချန်ကအော်ရယ်ပြန်သည်။
''ေရှာင်းကျန့် မင်းကွာ ကိုယ့်ကိုစားသွားရင်တောင် မသိလိုက်ပဲနေမှာ ဟားဟား''
ကျန်းချန် စကားကြောင့် ဆေးခန်းအတွင်းရှိ မှန်ချပ်အား ထောင်ကြည့်လိုက်တော့ ယောင်နေသော နှုတ်ခမ်းနှင့် ပေါက်ပြဲနေသော နှုတ်ခမ်း ကိုတွေ့ရသည်။ ပြီးတော့ လည်ပင်း မှာတွေ့လိုက်ရသော အနီကွက် ။ ဒါတွေက ဘာတွေလဲ။
ကျန်းချန် ပြောပုံအရဆို မနေ့ညက သူ့ကို ဝမ်ရိပေါ်က လိုက်ပို့ပုံရသည်။
''ကျန်းချန် မနေ့ညက ငါ့ကို လိုက်ပို့တာ ဝမ်ရိပေါ်လား''
''ရှောင်းကျန့်ရာ မင်းကို ဝမ်ရိပေါ်က လိုက်မပို့လို့ ဘယ်သူက လိုက်ပို့မှာလဲ ဝမ်ရိပေါ်က ငါ့သူငယ်ချင်းကို ထိုးသွားပုံရတယ် နှုတ်ခမ်းနဲ့ ေယာင်နေလိုက်တာများ''
''.........................''
ရှောင်းကျန့်ကတော့ ပြောစရာ စကားကင်းမဲ့စွာ။ မှန်ကိုပင် ကြည့်ကာ ဝမ်ရိပေါ်ကို စိတ်တိုလာရသည်။ သူ့ကို စိတ်ကြိုက်လုပ်သွားပြီး တာဝန်ယူမှုမရှိတဲ့လူ။
သူနဲ့ကိုယ်က လမ်းခွဲပြီးပြီကို ဒီလိုလာလုပ်လို့ရရောလား။ရှောင်းကျန့် ဒေါသထွက်ကာ ဆေးပေးခန်းမှထွက်လာပြီး ဝမ်ရိပေါ်အားရန်တွေ့ရန် ဝမ်ရိပေါ်ရှိရာ သို့မေးမြန်းပြီးလာခဲ့ရသည်။ လမ်းတစ်လျှောက်လုံးက လူတွေကလည်း သူ့အားကြည့်ကာ ပြုံးစိစိနဲ့။ ဒါတွေအားလုံး ဝမ်ရိပေါ်ကြောင့်ပင်။ တွေ့ပါပြီ ကင်းစောင့်နေသော ရဲအရာရှိကြီး ဝမ်ရိပေါ်ကို။
![](https://img.wattpad.com/cover/304603946-288-k243099.jpg)
BINABASA MO ANG
Ai Ni, Bao Bao(completed)
Fanfictionဝေါ်အိုက်နီ ပေါင်ပေါင်♥. ဝေါ်အိုက်နီ ပေါင်ပေါင်♥. start-14.3.2022 end-22.6.2022