ep-10

2.3K 156 4
                                    

ရှောင်းကျန့် ဝမ်ရိပေါ်အားအတော်လေး ဒေါသထွက်မိသည်။ဒီအဆိုးကောင်ဟာ အမြဲတမ်းရန်ဖြစ်သည်။ငယ်ငယ်ကဆိုရင် ပြောလို့ဆိုလို့ရသေးသည်။ယခုတွင်ကား အမြဲတမ်းရန်ဖြစ်ကာ ကျောင်းအုပ်ကြီးရုံးခန်းသို့ရောက်သည်မှာ သုံးကြိမ်ပင်ရှိပြီဖြစ်သည်။

ဖြစ်သမျှရန်ပွဲတိုင်းသည်လည်း ရှောင်းကျန့်ကြောင့်
ဖြစ်သည်ကြောင့် ပိုလို့ပင်စိတ်မကောင်းဖြစ်ရသည်။
ဒီကောင်လေး မှတ်လောက်သားလောက်အောင်ပစ်ထားရမည်ဟု တွေးကာ အိမ်ပြန်ရောက်သည်အထိစကားတစ်ခွန်းမှမဆိုခဲ့ချေ။

အဆိုးကောင်ကတော့ သူ့အပြစ်သူသိသည်ထင်သည် ငြိမ်ကုပ်နေတာ ကြောင်ပေါက်စလေးတစ်ကောင်နှင့်ပင် တူနေသည်။အိမ်ပြန်ရောက်ပြီး အခန်းတွင်းသို့ဝင်ကာရေချိုးရန် ကျောင်းဝတ်စုံအားချွတ်လိုက်သည်။

ထိုအခိုက် အနောက်ကတံခါးဖွင့်သံကြား၍
ကြည့်လိုက်သောအခါ ဝမ်ရိပေါ်အဆိုးကောင်က
တောင့်တောင့်ကြီးရပ်နေပြီး စိတ်နှင့်လူမကပ်သလိုဖြစ်နေသည်။

ရှောင်းကျန့်တစ်ယောက် ဝမ်ရိပေါ်အား
စိတ်ပူသွားပြီး အနားသို့သွားတော့ ဝမ်ရိပေါ်က ဘာဖြစ်သွားသည်သည်မသိ မျက်နှာကြီးနီပြီးထွက်ပြေးသွားသည်။

ရှောင်းကျန့်စဥ်းစားလိုက်သောအခါဝမ်ရိပေါ်က သူ့အားရှိန်နေသည်ဟုထင်မိသည်။ဒီကောင်လေး ရှောင်းကျန့်ကို လာချော့တာပင်ဖြစ်လိမ့်မည်။သို့သော် ရှောင်းကျန့်ရဲ့ ဒေါသအရှိန်အဝါကိုကြောက်၍ထွက်ပြေးသွားသည်။

ရှောင်းကျန့်က စနေသား စိတ်ကြီးသည်။ဝမ်ရိပေါ်ကြောက်ရင်လည်း ကြောက်မှာပေါ့လေဟုတွေးကာ ရေချိုးရန်သွားလေသည်။

ယုန်လေးတစ်ကောင် သတိမထားမိသည်ကား သူ၏အဝတ်မဲ့နေသော ခန္ဓာကိုယ်အား
ဝက်ကလေးတစ်ကောင်ကကြည့်ပြီး ရှက်သွားသည်ကိုယုန်ငဒူလေးကတော့သိလိမ့်မည်မဟုတ်ပေ။

ရိပေါ်တစ်ယောက် bao baoအားချော့ရန်စိတ်ကိုတင်းထားလိုက်ပြီးတံခါးဖွင့်လိုက်သောအခါ bao bao ကအကျီ်တွေအားချွတ်၍ ရေချိုးရန် ပြင်နေသည်။သူဝင်လာပြီးမှ ပြန်ထွက်သွားရမည်လား ဒါမှမဟုတ် ခပ်တည်တည်ပဲ နေ၍bao baoအားအတွေးထဲတွင်ကမ္ဘာပျက်နေသည်။

Ai Ni, Bao Bao(completed)Unde poveștirile trăiesc. Descoperă acum