ep-19

1.7K 126 7
                                    

ငှက်ကလေးတွေက အတောင်စုံရင် အသိုက်ကနေပြန်သွားကြတယ်တဲ့။လူတွေလည်းထိုသို့ အတိုင်းပဲ။
ဘဝရည်မှန်းချက်အတွက် ဖြစ်ချင်တာထက်ဖြစ်သင့်တာကိုဦးစားပေးကြရတာဘဲ။ ဘယ်လောက်ပဲ မခွဲခွာချင်ဘူးဆိုဆို အချိန်တန်တော့လည်းခွဲခွာကြရတာဘဲ။

ထွက်ခွာသွားသူထက် ကျန်ခဲ့သူက ပိုမိုခံစားကြရတယ်လို့ ရှောင်းကျန့်က တွေးတယ်။အခုလည်း ဝမ်ရိပေါ်က 4နှစ်တိတိသူ့အားထားသွားအုံးမည်။ဝမ်ရိပေါ်က အထက်တန်းအောင်ပြီးအသက်ပြည့်ပြီးသွားသော်လည်း သူ့မှာဒီကောင်လေးကိုစိတ်မချနိုင်ဘူး။

ဝမ်ရိပေါ်က သူ့ရည်မှန်းချက်အတိုင်း ရဲတက္ကသိုလ်
ဆက်တက်ဖို့ရွေးချယ်ခဲ့တယ်။ရှောင်းကျန့်ကလည်း
အစပိုင်းမှာ ဝမ်ရိပေါ်ရဲ့ရည်မှန်းချက်ကိုဖြည့်ဆည်းပေးချင်သော်လည်း ဝမ်ရိပေါ်အိမ်ကနေထွက်သွားခါနီးလေ ကလေးတစ်ယောက်လိုအော်ငိုကာ ဆွဲထားချင်လေဖြစ်သည်။

''bao bao ဘာတွေငိုင်နေတာလဲ ကျွန်တော့်ဘာသာ
အဝတ်အစားတွေထည့်ပါ့မယ်ဆိုမှ''

''ရိပေါ် ''

''အင်း bao bao''

''ငါလေ မင်းကိုမခွဲနိုင်ဘူးထင်တယ် ရိပေါ်''

''...........''

''မင်းက အဲ့လိုထွက်သွားတော့ ငါကညဆိုတစ်ယောက်တည်းအိပ်ရတော့မှာ စောင်ကွာနေရင်လည်း ထပြီးခြုံပေးမယ့် မင်းက မရှိဘူး''

''bao baoရာ''

''ရိပေါ် မသွားနဲ့လို့တော့ ကောမပြောပါဘူး
ဒါပေမယ့် ပိတ်ရက်တွေဆို အိမ်ပြန်လာရမယ်နော်''

''bao baoရာ ကျွန်တော် မသွားတော့ရင်ကောင်းမလားဟင် bao baoကိုစိတ်မချဘူး''

''ဟင့်အင်း ရိပေါ် မင်းရည်မှန်းချက်ကို ငါ့ကြောင့်မပျက်စီးစေချင်ဘူး ကောရဲ့ရိပေါ်က တစ်ချိန်မှာ နိုင်ငံကို ကာကွယ်ပေးနိုင်မယ့် နေမင်းကြီးဖြစ်လာမှာ''

''အင်း bao baoကလည်း လူနာတွေကိုအေးချမ်းမှုတွေ ယူဆောင်လာပေးမယ့် လမင်းကြီး ဟုတ်တယ်မလား''

bao baoက မျက်ရည်တွေဝဲရင်း အပြုံးလေးဖြင့် ခေါင်းကိုအဆက်မပြတ်ငြိမ့်ပြသည်။ bao bao
ခင်ဗျားကို ထားခဲ့ပြီးသွားမယ့် ဒီကောင့်ရင်ထဲလည်းဝင်ကြည့်ပါဉီးဗျာ။

Ai Ni, Bao Bao(completed)Onde histórias criam vida. Descubra agora