ep-5

2.1K 160 4
                                    

ကျန့်ကျန့် ဒီမနက်ကျောင်းသွားဖို့ပြင်နေတုန်း မားမားမူးလဲသွားတာကြောင့် စစ်စတာ တို့နဲ့ အတူ ရွာက ဆေးပေးခန်းတွင်ရောက်ရှိနေလေသည်။ စစ်စတာနှင့် ဆေးပေးခန်း သူနာပြုမမတို့၏ ပြောတာတွေနားထောင်ပြီးမှ မားမားမှာ ကင်ဆာရောဂါ ဖြစ်နေသည်ကို သိရသည်။အသဲကင်ဆာနောက်ဆုံးအဆင့်ကိုရောက်နေသည့် မားမားကမူ သူ့ကို ဘယ်အချိန်မှ ရောဂါဖြစ်နေသည်ကိုသတိပေးမလည်းမသိဘူး။

မားမား အခုတလောနေမကောင်းဖြစ်နေတာကို ပင် ကျန့်ကျန့်က အအေးမိသည်ဟုပင်ထင်မိသည်။ ထိုသို့ထင်မိအောင်ပင် မားမားက ကျန့်ကျန့်ရှေ့တွင်သန်မာချင်ယောင်ဆောင်ခဲ့သည်။မားမား၏ အခုချိန်ကားနောက်ဆုံးအချိန်ကိုပင်ရောက်နေပြီဖြစ်သည်။ကျန့်ကျန့်ရင်ထဲ ဝမ်းနည်းမူတွေကြီးစိုးလာပြီး ဆေးပေးခန်းရှေ့တွင်မတ်တပ်ရပ်နေမိသည်။

ဆေးပေးခန်းမှထွက်လာသော မားမားသူငယ်ချင်းစစ်စတာ​​​ကကျန့်ကျန့်ကိုရင်ခွင်ထဲ  ဆွဲသွင်းတော့မှ ကျန့်ကျန့်သတိဝင်လာကာ ငိုမိတော့သည်။ စစ်စတာ​ကမားမားရဲ့နောက်ဆုံးအချိန်ကိုသွားတွေ့ရန်ပြောသောကြောင့် ကျန့်ကျန့်မားမားရှိရာအခန်းထဲသို့ဝင်မည်အလုပ်ဘယ်အချိန်ကတည်းက ရောက်နေလဲမသိသော ဖက်ထုပ်ကောင်က သူ၏လက်အားကိုင်ဆွဲလာသည်။ဖက်ထုပ်ကောင်က သူ့အား

''bao baoသားရှိတယ်နော် မားမားကိုအတူသွားတွေ့ကြမယ်''

ရေှာင်းကျန့်ခေါင်းငြိမ့်မိသည်ထင်သည်။ ဖက်ထုပ်ကောင်နှင့်အတူ မားမားရှိရာဆီရောက်တော့ ကုတင်ပေါ်က မားမားကသူ့အားဖျော့တော့စွာပြုံးပြနေသည်။မားမားကမူ နေမကောင်းတာတောင်ကျန့်ကျန့်ကိုပြုံးပြနေသေးတယ်။ကျန့်ကျန့်လည်း မားမားဆီပြေးသွားတော့ မားမား၏လက်လေးက သူ့ဆီသို့ လက်လှမ်းလာကာ
ကျန့်ကျန့်မျက်နှာလေးအားထိတွေ့လာသည်။

''ကျန့်ကျန့်လေး..... မားမားမရှိတော့ရင်လည်း
စစ်စတာတွေစကားကိုနားထောင်ပြီး ဘဝကို​ေပျာ်ပျော်ရွှင်ရွှင်ဖြတ်သန်းနော်''

''မားမားက ဘာလို့မရှိတော့ရမှာလည်း မားမားဘဲပြောတယ်လေ ကျန့်ကျန့်ဆရာဝန်ကြီးဖြစ်တဲ့အထိ
ေနပေးမှာဆို.....ကျန့်ကျန့်ဆေးကုပေးတာခံမှာဆို..........''

Ai Ni, Bao Bao(completed)Tahanan ng mga kuwento. Tumuklas ngayon