ကျန့်ကျန့် ဒီမနက်ဂေဟာမှစစ်စတာတို့နှင့်အတူ
ပင်လယ်ဘက်သို့ ထွက်လာခဲ့သည်။ကျန့်ကျန့်တို့
ဂေဟာက ရွာဘက်ဖြစ်သည်ကြောင့် ထမင်းဟင်းချက်ပြုတ်ရာတွင် ထင်းဖြင့်သာချက်ပြုတ်ရသည်။ ထို့ကြောင့် ဒီမနက် ကျန့်ကျန့်တို့ ကလေးတစ်သိုက်နှင့်အတူ စစ်စတာ တစ်ယောက် ပါလာပြီး ပင်လယ်ဘက်တွင်ထင်းလာကောက်ခြင်းဖြစ်သည်။ဂေဟာဟုဆိုသော်ငြားလည်းရွာထဲရှိ မိဘမဲ့ ကလေး5ယောက်ကိုစစ်စတာကခေါ်ယူစောင့်ရှောက်ထားခြင်းသာဖြစ်သည်။ ကျန့်ကျန့်မှာမူ ဒီရွာခံမဟုတ်သော်လည်းကျန်းမာရေးမကောင်းသည့်မားမားကို ပြုစုပေးပြီး နေထိုင်ခဲ့သည်မှာ တစ်နှစ်ခန့်ပင်ရှိပြီဖြစ်သည်။ပါးပါး၏ နှိပ်စက်မှု ဒဏ်ကို သားအမိနှစ်ယောက်မခံနိုင်သည့်အဆုံး နယ်ဘက်ရှိ ဒီခရစ်ယာန်ကျောင်းတွင်သားအမိနှစ်ယောက်နေထိုင်နေခြင်းဖြစ်သည်။
ကျန့်ကျန့်၏ပါးပါးကမူ လူချမ်းသာတစ်ဦးဖြစ်သည်။ကျန့်ကျန့်၏မာမားအား မိဘပေးစား၍ယူရသည်ဟုဆိုကာ အမြဲနှိပ်စက်သည်။ကျန့်ကျန့်ကိုလည်း သားဟုပင်တစ်ခါမခေါ်ခဲ့ဖူးပင်။
မလိုချင်ဘဲရသည့်သားဟုဆိုကာ အမြဲရိုက်နှိက်သည်။
နောက်ဆုံး သားအမိနှစ်ယောက်လုံး ထွက်ပြေးလာခဲ့ရင်းဒီကိုရောက်ရှိလာခဲ့ခြင်းဖြစ်သည်။မားမား၏ ကျန်းမာရေးကမူ မြို့ပေါ်တွင်ကုမှ အဆင်ပြေမည်ဖြစ်သော်လည်း မားမားကမူ ပြန်မသွားတော့ပေ။ ပြန်သွားခဲ့ရင် ကျန့်ကျန့်ပါးပါးက မားမားတို့ကိုအသေသတ်လိမ့်မယ်တဲ့။ ကျန့်ကျန့်လည်း မားမားနဲ့ အတူ ဒီရွာမှာ နေတာကြာလာတော့ ေနသားတကျရှိလာသည်။
တစ်ခုတော့ရှိသည်။ဂေဟာရှိကလေးများနဲ့ ရွာထဲရှိကလေးများက ကျန့်ကျန့်ကို အပေါင်းအသင်းမလုပ်ကြပေ။ ကျန့်ကျန့်ကို စွန့်ပစ်ခံသခင်လေးလို့ ရွာထဲရှိအမျိုးသမီးများက အတင်းအဖျင်းပြောဆိုကြပြီး သူတို့၏သားသမီးများနှင့်ပင်မပေါင်းသင်းခိုင်းကြ။ကျန့်ကျန့်တစ်ယောက် အဲ့တာတွေကို စိတ်ထဲထည့်မနေတော့ဘဲ မားမား၏ကျန်းမာရေးကောင်းလာရေးကိုသာ အမြဲတွေးတောနေမိသည်။
KAMU SEDANG MEMBACA
Ai Ni, Bao Bao(completed)
Fiksi Penggemarဝေါ်အိုက်နီ ပေါင်ပေါင်♥. ဝေါ်အိုက်နီ ပေါင်ပေါင်♥. start-14.3.2022 end-22.6.2022