ep-8

2.4K 164 4
                                        

unicode္

ကျန့်ကျန့် ဖက်ထုပ်လုံး အတွက် စစ်စတာမေရီယူလာသော ဆန်ပြုတ်လေးအားကျွေးတော့ ဖက်ထုပ်ကောင်မျက်နှာက စူပုပ်လာပြန်သည်။ ဖက်ထုပ်ကောင်က သူ့အားခွံကျွေးမှစားမည်ဆိုသောကြောင့် ခွံကျွေးရပြန်သည်။ ထိုအခါမှ ရိပေါ်ပေါ် ခေါ် ဖက်ထုပ်ကောင်၏ မျက်နှာက ပြန်ပြီးစပ်ဖြဲဖြဲဖြစ်လာသည်။

ပေါ်ပေါ်က bao baoကို အမြဲတမ်းကာကွယ်ပေးမှာဟုလည်း တစ်တွတ်တွတ်ပြောနေသေးသည်။ သူ့အား bao baoလို့မခေါ်ရန်ပြောသော်လည်း ဖက်ထုပ်ကောင်၏ခေါင်းမာမှုကိုလက်မြှောက်အရှုံးပေးရပြန်သည်။

ဖက်ထုပ်ကောင်က ကျိုးရန်တို့ကိုပြန်သွားရိုက်မည်ဟုပြောနေသေးသည်။ အခုတောင် ကျိုးရန်ခေါင်းပေါက်သည့်ကိစ္စအား မည်သို့ဖြစ်သွားသည်ကိုပင် ကျန့်ကျန့်မသိသေးဘူး။စစ်စတာမေရီကလည်း စိတ်ပူဖို့မလိုကြောင်းပြောသောကြောင့် ဖက်ထုပ်ကောင်ဘေးတွင်နေကာအဖော်ပြုပေးနေလိုက်သည်။

ထို့နောက် ဖက်ထုပ်ကောင်အတွက် ဝယ်ထားသော ဖိနပ်လေးအားထုတ်ပြလိုက်သောအခါ ဖက်ထုပ်ကောင်က မျက်ရည်ဘူးသီးလုံးကြီးများဖြင့်ထငိုပြန်သည်။ဒီဖက်ထုပ်ကောင်က တော်တော်အငိုသန်တာဘဲ။ကြီးလာလို့ ရည်စားထားလို့ကောင်မလေးက အဖြေပြန်ပေးရင်လည်း ငိုအုံးမည်ထင်သည်။

ရိပေါ်ပေါ်တစ်ယောက် bao baoက သူ့အားမျက်စိမှိတ်ခိုင်းသောကြောင့် မှိတ်လိုက်သည်။ bao baoကမျက်စိဖွင့်ခိုင်းသော အခါ ဖွင့်ကြည့်လိုက်တော့ ရိပေါ်ပေါ် အရွယ်စီးသည့်ဖိနပ်လေးက ရှေ့တွင်ပေါ်လာသည်။ဖိနပ်လေးက ဖက်ထုပ်အတွက်ဟုပြောတော့ သူငိုချင်လာပြန်သည်။ဒီမျက်ရည်တွေက အမြဲတမ်းကျနေတယ်။

bao baoရှေ့မှာ cool guyလုပ်ပါမည်ဆိုမှ တွေးလေမျက်ရည်များက ကျလာပြီး ရိပေါ်ပေါ် တစ်ယောက်အော်ငိုမိပြန်သည်။ bao bao ပေးသောဖိနပ်လေးအားရိပေါ်ပေါ်မစီးရဲ။ရိပေါ်ပေါ် စီးလိုက်လို့ ညစ်ပတ်သွားအုံးမည်။ ရိပေါ်ပေါ်တစ်ယောက် ဖိနပ်လေးအား ရင်ခွင်ထဲထည့်ထားလိုက်သည်။

ရှေ့က ဖက်ထုပ်ကောင်က ဖိနပ်ကို မစီးဘဲ ရင်ခွင်ထဲထည့်ထားသည်။မသိရင် ဝမ်ရိပေါ်က သားသည်မိခင် အရူးမကြီးကို ကျနေတာဘဲ။ကျန့်ကျန့်က ချော့မော့ပြီးဖိနပ်စီးရန်ပြောသောအခါတွင်လည်း ညစ်ပတ်သွားရင် ဘယ်လိုလုပ်မလဲတဲ့။

Ai Ni, Bao Bao(completed)Unde poveștirile trăiesc. Descoperă acum