ep-23

1.6K 109 0
                                    

ချစ်ရသူ က ရင်ခွင်ထဲတိုးဝင်လာတဲ့ အချိန်တွေကုိ
ိိိတကယ်ပင် ရပ်တန့်ချင်သည်။ အသည်းအသက်လေးကို ရင်ခွင်ထဲထည့်ကာ တသက်လုံးထားချင်ပါရဲ့။ရင်ခွင်ထဲက အနွေးဓာတ်လေးပြန်လည်ထွက်ခွာသွားမှာကိုအမှန်တကယ် ကြောက်ရံွမိသည်။ဖြစ်နိုင်ရင် ရင်ခွင်ကြီးထဲထည့်ကာ သွားလေရာသို့ ချစ်သည်းအညာအား ခေါ်သွားချင်သည်။ ယခုလည်း bao baoက ရင်ခွင်ထဲတို့ တိုးဝင်လာသောအခါ နှလုံးသားတစ်နေရာက ရေနွေးစီးကြောင်းလေးဖြတ်သန်းစီးဆင်းသွားသည်။ နှလုံးသားကပင် ပိုင်ရှင် ကို မှတ်မိနေဟန် တူသည်။

''ရိပေါ် မင်းကျေးဇူးကြောင့်ဒီနေ့လူအသက်တွေထပ်ကယ်လိုက်နိုင်ခဲ့ပြီ ''

''ကျေးဇူးတင်ဖို့မလိုပါဘူး bao bao''

bao baoကို သူပြန်ပြောလိုက်တော့ ရင်ခွင်ထဲက ပြန်ထွက်ခွာသွားသည်။ နှလုံးသားကလည်း အလိုက်တသိ ပြန်လည်အေးခဲသွားပြန်သည်။ ခင်ဗျားက အရမ်းကိုပြုစား နိုင်လွန်းတယ် bao bao။

ရှောင်းကျန့် သူဝမ်းသာစွာဖြင့် ဝမ်ရိပေါ် ရင်ခွင်ထဲတိုးဝင်ပြီးခါမှ ရှက်ရကောင်းမှန်းသိသည်။ ခပ်မြန်မြန်ဘဲ ဝမ်ရိပေါ်ရင်ခွင်ထဲမှထွက်လိုက်ရသည်။ သူအခုတလော ဝမ်ရိပေါ်ကိုမြင်ရင် အရင်ကထက် နှလုံးခုန်နှုန်းတွေ အရမ်းမြန်နေတတ်သည်။ ဝမ်ရိပေါ် ရိပ်မိသွားမှာကိုပင် စိုးထိတ်မိသည်။

''အဟမ်း...... ဝမ်ရိပေါ် မင်းမပြန်သေးဘူးလား ''

''အာ.... ဟုတ်ပါရဲ့  ဒါဆို... ''

ဝမ်ရိပေါ်က လှည့်ထွက်ဖို့လုပ်တော့ ရှောင်းကျန့်က

''ခဏနေအုံး ဒီနေ့အိမ်ပြန်မှာလား''

''bao အဲ ကျန့်ကော အိမ်ပြန်မယ်ဆိုရင် ကျွန်တော် မပြန်တော့ပါဘူး''

''ငါ...ငါ ပြောတာက အဲ့လိုမဟုတ်ဘူးလေ ဟို..... ဟိုဟာ''

''အင်း ''

''မင်းပြန်မယ်ဆိုလည်း ပြန်ကြမယ်လို့ အိမ်ကို ပြီးတော့ ပြီးတော့''

''..............''

''ပြီး... ပြီးတော့ ငါ မင်းကို ကျေးဇူးတင်လို့ ဒီနေ့ထမင်းချက်ကျွေးမယ် မင်းမစားချင်လည်း''

Ai Ni, Bao Bao(completed)Where stories live. Discover now