ep-16

1.5K 118 4
                                    

ပတ်ဝန်းကျင်တစ်ခုလုံးက အုံဆိုင်းနေသည်။မိုးလေဝသဌာနရဲ့ ဒီနေ့မနက်ပိုင်းက ကြေငြာသွားတဲ့ ညနေပိုင်းမှာ မိုးရွာလိမ့်မည်ဆိုတဲ့ သတင်းကလုံးဝ မှန်ကန်နေသည်။မိုးဖွဲများကျရုံအပြင် လေကလည်းတစ်ချက်တစ်ချက်ပြင်းထန်လှသည်။ညအချိန်ရောက်နေသောကြောင့် ခါတိုင်းထက်ပိုမိုအမှောင်ကျ​​ေနပြီးခါတိုင်း မြင်နေရသောကြယ်လေးများကလည်း ပုံးလျှိုးပျောက်ကွယ်နေသည်။

လမ်းမကြီးရဲ့ဘေးတွင် ကောင်လေးတစ်ယောက်က ထီးအကြည်ရောင်လေးကိုင်ကာ တစ်စုံတစ်ယောက်ကိုရပ်စောင့်နေသည်။ထိုကောင်လေးစောင့်နေသည်မှာ 2နာရီခန့်ပင်ရှိပြီဖြစ်သည််။

ကောင်လေးက မညောင်းမညာရပ်နေသည်ကိုမြင်သော လမ်းထိပ်စတိုးဆိုင်ပိုင်ရှင်ဦးလေးကြီးကသက်ပြင်းချလိုက်သည်။ဒီကောင်လေး ခေါင်းကအတော်ကိုပင်မာလှသည်။ မိုးစရွာကတည်းကဆိုင်ထဲမှာ ဆက်စောင့်ရန်ခေါ်သော်လည်း ခေါ်၍မရ။မိုးရွာသောကြောင့် စျေးဝယ်ကျဲ၍ သူလည်းဆိုင်အားသိမ်းလိုက်ပြီး ကောင်လေးအားနှုတ်ဆက်ကာထွက်လာခဲ့သည်။ကောင်လေးကမူ ထိုနေရာမှာဘဲ မလှုပ်ဘဲ ထီးလေးအားကိုင်ကာမြို့ထဲမှလာသော ကားလမ်းလေးအားကြည့်နေသည်။

ကောင်လေး၏ အကျီ်မှာလည်း လေအဝှေ့ကြောင့်မိုးရေများထိမှန်ကာ စိုရွှဲနေလေပြီဖြစ်သည်။ မိုးရေထဲမှာ ထီးမပါဘဲတဖြည်းဖြည်းရွေ့လာသော အရိပ်ကလေးအား ကောင်​​ေလးကမြင်သွားကာထိုအရိပ်ကလေးရှိရာဆီသို့ပြေးသွားခဲ့သည်။

ရိပေါ်တစ်ယောက် ကျောင်းမှပြန်ရောက်ချိန်တန်ပြီဖြစ်သော်လည်း ပြန်မရောက်သေး​ေသာbao baoကြောင့် စိတ်တွေပူလာသည်။အပြင်ဘက်တွင် အုံဆိုင်းနေသောတိမ်လွှာတိမ်လိပ်များက မကြာမီပင်မြေပြင်သို့သက်ဆင်းကျတော့မည့်အရိပ်အယောင်များပြနေကြသည်။ bao baoအားစောင့်နေရင်း ဟိုလျှောက်လိုက်သည်လျှောက်လိုက်ဖြစ်နေသောသူ့အား တီလေးကပင် ခေါင်းတရမ်းရမ်းဖြစ်နေလေသည်။

bao baoကအရွယ်ရောက်​ေနနေပြီဖြစ်သောကြောင့် စိတ်မပူသင့်ကြောင်း ပြောသော်လည်း သူ့စိတ်ကမူ
bao baoအားစတွေ့ခဲ့သောအချိန်က 11နှစ်သားလေး bao baoကိုသာမြင်ယောင်နေမိသည်။သူဘယ်လိုမှ နေလို့မရသည့်အဆုံး bao baoဆီလိုက်သွားမည်လုပ်လိုက်သည်။ တီလေးက အပြင်သွားလျှင်ထီးယူသွားသင့်ကြောင်းပြောတော့ သူလည်း
ထီးသွားယူတော့ ထီးထားရာနေရာစဥ်လေးတွင် bao baoရဲ့ထီးလေးအားတွေ့ရသည်။

Ai Ni, Bao Bao(completed)Opowieści tętniące życiem. Odkryj je teraz