ရှောင်းကျန့်ရဲ့ မနက်ခင်းလေးကတော့ နွေးထွေးသော ရင်ခွင်ထဲမှနိုးထလာခဲ့တော့သည်။ သူ့ ကိုယ်ကို ထွေးပွေးထားသော ရင်ခွင်ကျယ်ကြီးက အရမ်းကိုနွေးထွေးလွန်းလှသည်။ ရှောင်းကျန့်ရဲ့ မျက်ဝန်းတစ်စုံက ပွင့်လာပြီး သူ့အား ဖက်ကာအိပ်နေသော လူ၏မျက်နှာအား တစ်စိမ့်စိမ့်ကြည့်နေမိသည်။ ရှောင်းကျန့်၏လက်က အိပ်နေသော လူ၏ ထူထပ်နေသော မျက်ခုံးလေးအားထိဖွဖွလေးထိတွေ့လိုက်သည်။ထိုမှတစ်ဆင့် မျက်အိမ်လေး၊နှာခေါင်းလုံးလုံးလေး၊ပြီးတော့ ဖောင်းနေသောပါးလေးများအား ထိတွေ့မိပြန်သည်။နောက်ဆုံး ထူထူထပ်ထပ်နှုတ်ခမ်းတစ်စုံကို အကြည့်ရောက်မိပြန်တော့ ရင်ခုန်သံတို့ကဆူညံလာပြန်သည်။
နှုတ်ခမ်းထူထူလေးအား ဖွဖွလေး အနမ်းပေးမိပြန်တော့ အိပ်ပျော်နေသောလူရဲ့ နှုတ်ခမ်းတို့က တွန့်ချိုးသွားကာ အပြုံးလေးတစ်ခုပေါ်လာတော့သည်။
အိပ်ပျော်နေသော လူကသူ၏နှုတ်ခမ်းများကို ဆူထော်လာကာ အနမ်းပေးသူအား တစ်ဖွဖွလိုက်နမ်းေတာ့သည်။ဝမ်ရိပေါ် သူမျက်နှာအား bao baoလာကိုင်ကတည်းက နှုိးနေတာဖြစ်သည်။bao baoဘာလုပ်မလဲသိချင်တာကြောင့် အိပ်ချင်ယောင်ဆောင်ေနလိုက်သည်။ bao baoက သူ့နှုတ်ခမ်းအား လာရောက်နမ်းရှိုက်ပြန်တော့ အိပ်ချင်ယောင်ဆက်မဆောင်နိုင်ဘဲ လိုက်နမ်းမိပသည်။ဒီနှုတ်ခမ်းပါးလေးကို လွမ်းနေတာကြာပြီ။
''ရိ....ရိပေါ် တော်တော့''
''ဟင့်အင်း နမ်းအူးမှာ bao bao ကျွန်တော် bao baoကိုလွမ်းနေတာ''
''ငါလည်း မင်းကိုလွမ်းတယ် လောင်ဝမ်''
''bao baoဘယ်လိုခေါ်လိုက်တာ ''
''လောင်ဝမ်လို့လေ မကြိုက်ဘူးလား''
''ကြိုက်တယ် လောင်ရှောင်း''
တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ စနောက်ခေါ်ရင်း ရယ်မောမိကြပြန်သည်။ ရှောင်းကျန့် ဟိုဒီကြည့်မှ ဆေးရုံကသူရဲ့အခန်းလေးထဲမှ တစ်ယောက်အိပ်ကုတင်ပေါ်လေးမှာ ဖြစ်နေသည်။ ကြည့်ရတာ ရိပေါ်က ညနက်မှရောက်လာတာဖြစ်မယ်။ သူအိပ်ပျော်နေလို့ ဒီမှာဘဲရိေပါ်ကအိပ်လိုက်တာဖြစ်မည်။
![](https://img.wattpad.com/cover/304603946-288-k243099.jpg)
KAMU SEDANG MEMBACA
Ai Ni, Bao Bao(completed)
Fiksi Penggemarဝေါ်အိုက်နီ ပေါင်ပေါင်♥. ဝေါ်အိုက်နီ ပေါင်ပေါင်♥. start-14.3.2022 end-22.6.2022