ကော်ရစ်ဒါတစ်လျှောက်မည်သည်ကိုမှ ဂရုမစိုက်ဘဲပြေးလာသော ကောင်လေးတစ်ယောက်။ နှုတ်မှလည်း တစ်တွတ်တွတ်ရေရွတ်လျက်။အထက်တန်း
အခန်းရှိရာ ကျောင်းဆောင်မှ ကျောင်းအုပ်ကြီးရုံးခန်းသို့လျင်မြန်စွာပြေးနေသည်။ထိုကောင်လေးပြေးသွားရာတစ်လျှောက် ကျန်ကျောင်းသားများကလည်း လည်ပြန်ကြည့်နေကြသေးသည်။မိန်းကလေးများမှာမူ တစ်ဝါးဝါးနှင့်အရမ်းချောကြောင်းတီးတိုးပြောဆိုနေကြသည်။ကောင်လေးမှာ တစ်ကြောင်းလုံးတွင် ထိပ်တန်းကျောင်းသားများတွင်အပါအဝင်ဖြစ်ပြီး အနေအေးကာ တစ်ကျောင်းလုံး၏king ဟုပင်တင်စားခံရသူဖြစ်သည်။အနေအေးသော ထိုကောင်လေးမှာ အဘယ်ကြောင့်ပြေးလွှားနေရသလဲ။
လူများက စိတ်ဝင်တစားလိုက်ကြည့်နေကြသော်လည်း ကောင်လေးကမူ မည်သည်ကိုမျှအာရုံမထားဘဲကျောင်းအုပ်ကြီး ရုံးခန်းသို့သာဦးတည်၍ ပြေးနေသည်။
ကျောင်းအုပ်ကြီးရုံးခန်းရှေ့ရောက်သောအခါပြေးနေသည်ကိုရပ်၍ သက်ပြင်းတစ်ချက်ချကာ အခန်းတွင်းသို့ဝင်ခွင့်တောင်းလိုက်သည်။ အခန်းတွင်းသို့ရောက်သည့်အခါတွင်တော့ သူ့ထက်ငယ်သော ကောင်လေးနှစ်ယောက်နှင့်ကျောင်းအုပ်ကြီးအားတွေ့ရသည်။
ေကာင်လေးနှစ်ယောက်အနက် တစ်ယောက်ကသူရောက်လာသည်ကိုမြင်သွား၍မျက်ဝန်းများအရောင်လက်လာကာ မော့ကြည့်လာသည်။ထို့နောက် သက်ပြင်းတချက်ချကာ ခေါင်းငုံသွားပြန်သည်။ေမာ့ကြည့်လာသည့်ကောင်လေး၏ ပါးပြင်တွင်လည်းဖူးရောင်နေပြီးညိုမဲစွဲနေသည်။
ထိုကောင်လေးအားကြည့်မိပြီး သက်ပြင်းတစ်ခါချမိပြန်သည်။ကောင်လေးဘေးတွင်ထိုင်နေသော တစ်ယောက်မှာလည်းစောစောကေမာ့ကြည့်သောတစ်ယောက်ထက်ပင်ဖူးယောင်နေကာ နှာခေါင်းသွေးလျှံနေပုံရသည်။ကျောင်းအုပ်ကြီးက သူ့အားမြင်သွားပြီး
''ရေှာင်းကျန့်.....ရောက်လာပြီလား.မင်းညီကတော့ထုံးစံအတိုင်းပြသာနာရှာပြန်ပြီ''
ရေှာင်းကျန့်တစ်ယောက်ခေါင်းသာအသာငုံထားလိုက်ပြီး ပြန်ပြောရန်ပြင်လိုက်သောအခါ
VOCÊ ESTÁ LENDO
Ai Ni, Bao Bao(completed)
Fanficဝေါ်အိုက်နီ ပေါင်ပေါင်♥. ဝေါ်အိုက်နီ ပေါင်ပေါင်♥. start-14.3.2022 end-22.6.2022