Aမြို့ရဲ့ အကြီးမားဆုံးနှင့်အမြင့်မားဆုံး အဆောက်အအုံတစ်ခုတွင် လူတစ်ယောက်က သူ့အရှေ့ရှိ စားပွဲခုံအား လက်ညိုးဖြင့် တစ်တောက်တောက်ခေါက်နေသည်။ အခန်းတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်လျက်ရှိပြီး ထိုလူရဲ့ လက်ညိုးတောက်သံ မှလွဲ၍အခြားမည်သည့်အသံ မှမကြားရပေ။ တံခါးခေါက်သံက ရုတ်တရက်ထွက်ပေါ်လာတော့ ထိုလူက အမိန့်ဆန်သော လေသံဖြင့် ဝင်လာခိုင်းသည်။ ဝင်လာသူက ထိုလူအား အတော်ကြောက်ပုံရသည်။
''boss ကျွန်တော် စုံစမ်းလို့ရခဲ့ပါတယ် boss''
''.............''
''အဲ့ရဲက ဝမ်ရိပေါ်လို့ခေါ်ပါတယ် ပြီးတော့...''
''ပြီးတော့ ဘာဖြစ်လဲ''
''ပြီးတော့ သူက bossရဲ့တူရေှာင်းကျန့်နဲ့ ရင်းနှီးတဲ့ဆက်ဆံရေးတစ်ခု ရှိပုံရပါတယ် သူတို့က တစ်အိမ်တည်းနေပုံရပါတယ် ''
''ဒါဆို ဝမ်ရိပေါ်က ရှောင်းကျန့်ရဲ့ မွေးစားညီလေး''
''ဟုတ်..... ဟုတ်ပါတယ်''
''ဟက် ဒီကလေးတွေဒီလောက်တောင်ကြီးသွားကြပြီဘဲ ဝမ်ရိပေါ်က ရဲဖြစ်သွားတာပေါ့''
''ဟုတ်ပါတယ် boss''
''ငါ ဒီနှစ်တွေ မှာ သူတို့အကြောင်းကို သတိတောင်မရခဲ့တာ ဝမ်ရိပေါ် မင်းကတော့ ငါ့ကို သတိပြန်ရအောင်လုပ်လိုက်တာဘဲ ငါ့လုပ်ငန်းတွေကို လာဝင်ဖျက်တာ နှစ်ခါရှိပြီ ဟက်''
''boss ကျွန်တော် တစ်ခါတည်းရှင်းလိုက်ရမလား ''
''မလိုသေးဘူး ဆက်စောင့်ကြည့်ထား ဒီဉီးလေးက ကောင်းကောင်းကြီး ကစားပေးရမှာပေါ့ တူလေးတွေနဲ့ ဟားဟား''
ထိုလူရဲ့ ရယ်သံက မကောင်းဆိုးဝါးတစ်ကောင်ရဲ့ ရယ်သံတစ်ဖွယ် ထိုအခန်းထဲမှာလွှမ်းမိုးသွားသည်။
ဟက် ရှောင်းထျန်းဆိုတဲ့ ကောင်က သူ့ရှေ့မှာ လာပိတ်ပင်နေတဲ့လူက သမ္မတဖြစ်နေရင်တောင် အလွတ်ပေးမှာမဟုတ်ဘူး။ဝမ်ရိပေါ် စခန်းမှာ ရှိနေတဲ့ လူတွေရဲ့ ဂုဏ်ပြုစကားကြောင့် ပြုံးယုံလေးသာပြုံးပြလိုက်သည်။သူတို့အဖွဲ့ရဲ့ ကြိုးပမ်းမှုကြောင့် မူးယစ်ဆေးဝါးဂိုဏ်းတစ်ခုရဲ့
အပေးအယူလုပ်နေတုန်း ဖမ်းမိလိုက်နိုင်သည်။ ထိုဂိုဏ်းရဲ့ နောက်ကွယ်က လူကတော့ အခုထိ ဖမ်းလို့မမိနိုင်သေးပေ။ တရားခံ ကို သိနေသော်ငြားလည်း သက်သေပစ္စည်းလက်ဝယ်မရှိ၍ မဖမ်းနိုင်သေးပေ။
DU LIEST GERADE
Ai Ni, Bao Bao(completed)
Fanfictionဝေါ်အိုက်နီ ပေါင်ပေါင်♥. ဝေါ်အိုက်နီ ပေါင်ပေါင်♥. start-14.3.2022 end-22.6.2022